Unicode
ပါရီသည် လှပသော မြို့တော်တစ်ခု ဖြစ်သလို ပါရီမြို့သူ မြို့သားမျာသည်လည်း အလှကြိုက်ကြသည်။ ထို့ကြောင့် ပါရီသည် ဖက်ရှင်တို့၏ မြို့တော်ဟုပင် တင်စားခြင်းခံရသည်။ ဒုတိယကမ္ဘာစစ်အတွင် ပြင်သစ်သည် နာဇီ ဂျာမဏီတို့၏ ဖိနှိပ်ခဲ့ရသော်ငြား ယခုအချိန်တွင်တော့ ထိုအချိန်တုန်းကနှင့် လားလားမျှမဆိုင် တိုးတက်ပြောင်းလဲနေသည်။ နယ်မြို့လေးများနှင့် ယှဥ်လျှင် အနည်းငယ်ပိုမြင့်သော အဆောက်အဦးကြီးများ ရှိနေသည်။ လမ်းတိုင်းလမ်းတိုင်းသည် ဝါကျင့်ကျင့်မီးရောင်များ လင်းထိန်နေလျက်။ ဟိုတစ်စု ဒီတစ်စုနှင့် လွတ်လပ်စွာသွားလာနေကြသည်များကလည်း အုံ့အုံ့သဲသဲ။
တစ်ချိန်က တစ်ပါးသူ၏ ဖိနှိပ်မှုအောက် ကြည့်ရသည်မှာ အကျည်းတန်ခဲ့သည့် အီဖယ်မျှော်စင်ကြီးသည်လည်း မီးအလင်းရောင်များနှင့်အတူ လှလှပပတည်ရှိနေသည်။ တီးဝိုင်းများဖြင့် သီချင်းဆိုနေကြသူများကလည်း ဟိုတစ်စ ဒီတစ်စ။ ထို့အပြင် ပြင်သစ်အလံသည်လည်း တလွင့်လွင့်.. ပါရီသည် ထိုမျှလှပလွန်းပါသည်။ ညရှုခင်းတောင် ဒီလောက်လှတာ။ မနက်ခင်းအလှကိုလည်း ရှုစားချင်မိပါဘိ.. ချစ်တဲ့ ပါရီ
ဒုတိယကမ္ဘာစစ်ကာလတွင် မွေးဖွားလာခဲ့သည့် ကလေးဖြစ်တာကြောင့် ပါရီ၏ ဒီလိုအလှအပကို မခံစားဖူးခဲ့တာကတော့ အမှန်ပင်။ သည့်အပြင် စစ်ပြီးသည်နှင့် ဖခင်ကို ဆုံးရှုံးလိုက်ရသည့်အပြင် ထိန်းကျောင်းမည့် မိခင်ပါမရှိသည်မလို့ နယ်မြို့လေးက ဂေဟာကို ရောက်ခဲ့ရတာကြောင့်လည်းပါသည်။
ဒါကြောင့် ပါးက တစ်နေ့ကျ ပါရီရဲ့ အလှအပတွေကို လိုက်ပြမယ်လို့ ပြောခဲ့တာလား။ အခုတော့ ကျွန်တော် မျက်မြင်ကိုယ်တွေ့ဖြစ်နေပါပြီ။ ကျွန်တော့ဘေးမှာ အတူကြည့်ပေးမဲ့ ပါးမရှိတော့တာက လွဲလို့ပေါ့။ ပါရီက တကယ်သိပ်ကိုလှပါသည်။ မဟုတ်ဘူး လွတ်လပ်တဲ့ ပါရီက သိပ်လှသည်။
မြို့ပြကြီး၏ ခမ်းနားမှုကို ငေးလာခဲ့ရင်း ကားလေသည် တဖြေးဖြေးချင်း လမ်းကြားတစ်ခုထဲသို့ ဝင်သွားပြီး ၅ထပ်အမြင့်ရှိသည့် အဆောက်အဦးတစ်ခုရှေ့တွင် ရပ်လိုက်သည်။
YOU ARE READING
The Truth Untold