Unicode
ညစာစားပြီးတဲ့နောက်မှာ ဂျီမင်းကိုယ့်အခန်းကိုယ်ပြန်လာပြီးတော့ ပြတင်းပေါက်နားတွင်ထိုင်ကာ ကောင်းကင်အား ကြည့်နေမိသည်။ ညအရမ်းမမှောင်သေးသည်မလို့ ကြယ်ကလေးများကတော့ ဟိုတစ်စ ဒီတစ်စသာရှိသေးသည်။
ပြတင်းပေါက်မှ ရုတ်တရက်လေအေးများတိုးဝင်လာသည်မလို့ ဂျီမင်းသည် စောင်အဝါလေးအား တစ်ကိုယ်လုံးလုံအောင် ခြုံလိုက်သည်။ ထို့နောက် ပြတင်းပေါက် ဘောင်နားလေးတွင် ပြန်ထိုင်တာ ကောင်းကင်အားပြန်ကြည့်နေမိသည်။
ကံကောင်းသည်ကတော့ ဂျီမင်း၏ အိပ်ရာသည် ပြတင်းပေါက်နားကပ်ရပ်ဖြစ်နေခြင်းပင်..
သိပ်မကြာထယ်ယောင်းဝင်လာပြီး ဘေးကုတင်တွင်ဝင်အိပ်လိုက်ရင်း ဂျီမင်းအား မေးခွန်းထုတ်လိုက်သည်။
"ဂျီမင်း ဘာတွေကြည့်နေတာလဲ"
"ဟင် ဒီနေ့ည ကောင်းကင်ကြီးကလှလို့"
ဂျီမင်းစကားကြောင့် ထယ်ယောင်းလည်း ကောင်းကင်ကို မော့ကြည့်လိုက်မိတော့ နေဗီပြာရောင် ကောင်းကင်ထက်တွင် တလက်လက်တောက်ပနေသည့် ကြယ်လေးများက ပနံသင့်စွာ တည်ရှိနေသည်။ ညလည်းပိုနက်လာသည်မလို့ ဂျီမင်းစကြည့်သည့် အချိန်နှင့်ယှဥ်လိုက်လျှင် ကြယ်ကလေးတွေ ပိုများလာပြီဖြစ်သည်။
ထို့အပြင် လပြည့်ညလည်းဖြစ်သည်မလို့ လမင်းကြီးသည်လည်း ထိန်ထိန်လင်းနေလျက်ရှိသည်။ ဂျီမင်းနည်းတူ ထယ်ယောင်းသည်လည်း ကုတင်ပေါ်သို့ ဝမ်းလျားမှောက်ကာ ကောင်းကင်ကို အတူတူထိုင်ကြည့်နေခဲ့သည်။
ညနက်လာလေ ကြယ်ကလေးများက တဖြေးဖြေးချင်းပိုထွက်လာပြီး ညကောင်းကင်၏ အလှကို ပိုတိုး၍ ဖြည့်ဆည်းပေးကြသည်။
ကျွန်တော်ကောင်းကင်ကို ငေးကြည့်နေရင်း မှိတ်တုတ်မှိတ်တုတ်နှင့် ကြယ်လေးများကို လိုက်ရေနေမိသည်။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကြယ်၁ထောင်ပြည့်အောင် ရေနိုင်ရင် ဆုတောင်းတွေကို ဖြည့်ဆည်းပေးနိုင်သည်တဲ့လေ။
VOUS LISEZ
The Truth Untold