Chapter 03

115 21 0
                                    

Unicode

ရာသီစက်ဝန်းသည် မရပ်မနားတမ်း မိမိတာဝန်ကျေပွန်စွာလည်ပတ်ခဲ့ရာ အချိန်ကာလသည် ၈နှစ်တာကြာမြင့်ခဲ့ပြီဖြစ်သည်။ ဂျီမင်းသည်လည်း အလယ်တန်းကျောင်းသားအရွယ်သို့ရောက်လာပြီဖြစ်သည်။ ငယ်စဥ်တုန်းကလို ပါးဖောင်းဖောင်းလေးများ ပျောက်သွားပြီး လူကြီးတစ်ယောက်အသွင်အပြင်လေးဖြစ်နေပြီဖြစ်သည်။ ဂျီမင်းနှင့်အတူ ထယ်ယောင်းဆိုသော သူငယ်ချင်းလေးသည်လည်း ထိုနည်းတူပင်။ ဗွီနှင့်အတူတူတွဲလာကြရင်း ကျွန်တော်သိလိုက်ရသည်က သူသည်လည်း ကျွန်တော့လို ကိုးရီးယား-ပြင်သစ်သွေးနှောတစ်ယောက်ဖြစ်နေခြင်းကိုပင်။ ကိုးရီးယားနာမည်ကတော့ ကင်မ်ထယ်ယောင်းဖြစ်သည်။

ကျောင်းတွင်လည်း ထိုလူချောလေး၂ယောက်သည် ကောင်မလေးများကြားတွင်သာမက တစ်ချို့သော ယောက်ျားလေးများထဲတွင်ပါ ရေပန်းစားသည့် သူငယ်ချင်း၂ယောက်ပင်… ဂျီမင်းနှင့် ထယ်ယောင်းသည် ၂ယောက်အတူတူ ဂေဟာမှ စက်ဘီးအားနင်းကာ ကျောင်းတော်ကြီးဆီသို့ ထွက်ခွာလာခဲ့ကြသည်။ ရွယ်တူသူငယ်ချင်းဖြစ်ကြသည့်အတွက် လမ်းတွင် တစ်ယောက်နှင့်တစ်ယောက်ပြိုင်ကာ စက်ဘီးကို နင်းနေကြသေးသည်။

“Celui qui arrive en retard doit payer le déjeuner (နောက်ကျတဲ့သူ နေ့လယ်စာဝယ်ကျွေးရမယ်)”

ထယ်ယောင်းသည် ဂျီမင်းဘေးမှ အော်သွားကာ စက်ဘီးအား အရှိန်ကုန်တင်ကာ နင်းသွားတော့သည်။ ကျော်တက်သွားတဲ့ စက်ဘီးအား ကြည့်ကာ ဂျီမင်းလည်း နောက်မှ သုတ်ခြေတင် အမြန်လိုက်နင်းရတော့သည်။

ကျောင်းသို့ရောက်တော့ ထယ်ယောင်းက စက်ဘီးအား မှီကာ ဂျီမင်းအား စောင့်နေလေသည်။ ဂျီမင်းသည် စက်ဘီးအား တွန်းရင်း ထယ်ယောင်းအနားအားရောက်လာသည်။ ထို့နောက် ထယ်ယောင်းအား မျက်စောင်းထိုးကာ ဘုကြည့်ကြည့်နေလိုက်သည်။

 “ရှုံသွားတဲ့သူငယ်ချင်းလေး နေ့လည်စာ ဒကာခံရပါတော့မယ်”

“မင်းတမင် ညစ်သွားတာလေ”

“ဘာပဲဖြစ်ဖြစ် နေ့လည်စာရှင်းရမယ်နော် ခုတော့အတန်းထဲသွားကြမယ်”

ထယ်ယောင်းသည် ဂျီမင်းအား လည်ပင်းမှ သိုင်းဖက်ကာ စာသင်ခန်းသို့ ခေါ်သွားခဲ့သည်။ စာသင်ခန်းသို့ သွားသည့် စင်္ကြံလမ်းတစ်လျှောက်တွင် ကောင်မလေးများ၏ မျက်လုံးများသည်လည်း ထယ်ယောင်းနှင့် ဂျီမင်းထံတွင်သာလျှင်... ထို့နောက် တစ်ယောက်တစ်မျိုးစီပင် ချီးမွမ်းခန်းဖွင့်နေကြသေးသည်။ ဒါတွေသည် အထူးအဆန်းတော့မဟုတ်တော့ပါလေ။ ကျောင်းစတက်ကတည်းက အတန်းတူတွေကြားထဲသာမက စီနီယာတန်းတွေကြားအထိကိုပင် နာမည်ကြီးတဲ့ သူငယ်ချင်း၂ယောက်မဟုတ်ပါလား။

The Truth UntoldTempat cerita menjadi hidup. Temukan sekarang