Unicode
ဆောင်းဦးကာလမှ ဆောင်းရာသီသို့ တဖြေးဖြေးကူးပြောင်းလာပြီဖြစ်လာမလို့ တိုက်ခက်သည့် လေများသည်လည်း အအေးဓာတ်ပါလာသည်။ လေအေးနှင့်အတူ အခန်းလိုက်ကာစလေးသည်လည်း တလှပ်လှပ်နှင့်။ ညနေစောင်းလာသည်နှင့် အအေးဒဏ်ကလည်း ပိုတိုးလာသည်။ ထို့ကြောင့် စာထိုင်ဖတ်နေသည့် နမ်ဂျွန်းသည် အနည်းငယ်ချမ်းစိမ့်တာကြောင့် ပြတင်းပေါက်အား ထပိတ်လိုက်တော့သည်။
ထို့နောက် ဖတ်လက်စစာအုပ်အား ဆက်မဖတ်တော့ပဲ အမှတ်အသားလုပ်ကာ ပိတ်လိုက်ပြီး စာကြည့်စားပွဲဘေးမှ အံဆွဲအားဖွင့်ကာ ဓာတ်ပုံလေးတစ်ခုအား ထုတ်လိုက်လေသည်။ ထိုပုံကတော့ ဂျီမင်း။ တစ်နည်းအားဖြင့် သူ၏ ကြင်နာသူလေးပင်။
ဒီပုံလေးကတော့ ဂျီမင်း၏ ဖခင်ဖြစ်သူထံမှ သူရလာခြင်းပင်။ ထို့နောက် အကြောင်းအရာတစ်ချို့ ခေါင်းထဲသို့ ပြန်ရောက််လာခဲ့သည်။
ဒုတိယကမ္ဘာစစ်စဖြစ်ချိန်သည် အချိန်အားဖြင့် ၁၉၃၉ခုနှစ်။ ကျွန်တော် ၅နှစ်အရွယ်။ ၃နှစ်အရွယ်မှာ ဖခင်ကနိုင်ငံရေးလောကထဲဝင်ပြီး ကျွန်တော်နှင့် မားကိုအချိန်မပေးတော့။ မားကလည်း ထိုအချိန်မှစ၍ ပြင်သစ်သို့ထွက်လာခဲ့လိုက်သည်။ ထို့အပြင် မားသည် နိုင်ငံခြားသူဖြစ်နေသည်ကြောင့် အိမ်ထောင်ရေးကိစ္စကိုပါ လျှို့ဝှက်ထားခဲ့သည်။
သည်အကြောင်းကိုတော့ ငယ်တုန်းက မသိခဲ့။ မား၏ ဒိုင်ယာရီစာအုပ်အားပြန်ဖတ်မိပြီမှ သိလာရခြင်းပင်။ ပြင်သစ်ရောက်ကတည်းက မား၏ သူငယ်ချင်းဖြစ်သူ ဗိုလ်ကြီးတစ်ဦးက အများကြီးကူညီပေးခဲ့သည်။ ထိုသူကတော့ ဂျီမင်း၏ ဖခင်ပင်။
ဂျီမင်း၏ အဖေက ကျွန်တော့အပေါ်တွင်လည်း အများကြီး ကောင်းပေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်ကလည်း အများကြီးခင်တွယ်သည်။ နောက်ပိုင်းတွင် ဦးလေးနှင့် မားတို့ စကားများဆက်မိပြီးမှ အန်တီသည် ဦးလေး၏ အမျိုးသမီးဖြစ်ကြောင်း သိခဲ့ရသည်။ သို့သော်မားက ထုတ်မပြောဖြစ်ခဲ့။ ဘာကြောင့်ဆို အန်တီသည် ထိုအချိန်က ဆုံးပါးသွားခဲ့ပြီလေ။ ကိုးရီးယားမှာ အန်တီကြုံခဲ့ရတာတွေက ကောင်းတာတွေလည်း မရှိတာမလို့ လျှို့ဝှက်ထားလိုက်ရခြင်းပင်။
ŞİMDİ OKUDUĞUN
The Truth Untold