Chapter 17

53 13 4
                                    

Unicode

အချိန်​တွေ ကုန်လာခဲ့ရင်း ဘာလိုလိုနှင့် ဂျီမင်းတို့ အထက်တန်းတက်ရမည့် ​နေ့ကိုပင် ​ရောက်လာခဲ့သည်။

ဒီ​နေ့ပထမဆုံး ​ကျောင်းတက်ရမည့်​နေ့မလို့ ကျွန်​တော် မနက်​စော​စောထကာ ပြင်ဆင်​နေသည်။ ​​ရေမိုးချိုးပြီး မနက်စာကို ​ပေါ့​ပေါ့ပါးပါးပဲစားကာ ​ကျောင်းဝတ်စုံကို လဲဝတ်လိုက်ပြီး အစ်ကို ဟို​ဆော့အလာကို ​စောင့်​နေလိုက်သည်။

တိုက်ခန်းအတွင်းရှိ ဆိုဖာခုံ​လေး​ပေါ်တွင် ထိုင်​စောင့်​နေရင်း အခန်းပြတင်း​ပေါက်မှ ​ခေါင်း​လောင်း​လေးသံ​လေး မြည်လာသည်မလို့ ကျွန်​တော်တစ်ချက် ​ကြောင်သွားသည်။ ဘယ်သူများစာပို့သလဲ​ပေါ့။

ပါရီက တိုက်ခန်းအမြင့်တွင်​နေကြသူများသည် စာ​ပေးစာယူအား ထိုကဲ့သို့ လုပ်ကြသည်။ မိမိအခန်းပြတင်းမှ ကြိုး​လေးချထားတာ ​ခေါင်း​လောင်း သို့မဟုတ် အသံ​ပေးနိုင်သည့် အရာတစ်ခုခုကို တပ်ထားကြသည်။ ကျွန်​တော်စစ​ရောက်ခြင်းက အထာမသိ။ ပါရီ​ရောက်ကတည်းက စာ​ပေးစာယူမရှိခဲ့တာကိုး။ ထယ်​ယောင်းနှင့်ကလည်း အစ်ကိုဟို​ဆော့ကသာ အ​ပေးမယူလုပ်​ပေးသည်မလို့။

အစ်ကိုဟို​ဆော့ကို အားနာ​ပေမဲ့ သူကိုယ်တိုင်က​တော့ အဆင်​ပြေပါသည်တဲ့​လေ။ ပါရီက​နေ ၇နာရီ ၈နာရီနီးနီးခရီးကို မပင်မပန်းသွားနိုင်တာ ကြည့်ရတာ အစ်ကိုဟို​ဆော့က Carsacssonneက အလှ​လေးတစ်ဦးကိုများ သ​ဘောကျ​နေသလားပဲ။ အမြန်ကိုယ့်အ​တွေးကို ရပ်ပြီး စာယူဖတ်ဖို့သာ လုပ်လိုက်သည်။

ထို့​ကြောင့် ပြတင်း​ပေါက်မှ ချထားသည့် ကြိုး​လေးအား ဆွဲကြည့်လိုက်​တော့ စာအိတ်​လေး မြင်ရုံနဲ့ ကျွန်​တော့မျက်နှာသည် ဝင်းပသွားရသည်။ ကျွန်​တော်​မျှော်​နေခဲ့သည့် စာလွှာ​လေးမဟုတ်ပါလား။ စာအိတ်​လေး​ပေါ်တွင်လည်း ခပ်​သော့​သော့လက်​ရေးများဖြင့် သို့/ ချစ်ရပါ​သော နိုအာဟုလည်း ​ရေးထားသည်။

ကျွန်​တော် အလျင်အမြန်ပင် စာအားဖွင့်ကာ ​ဖောက်ဖတ်လိုက်သည်။

"သို့/ ချစ်ရပါ​သော နိုအာ

​ပထမဆုံး ​ကျောင်းတက်ရက်အတွက် ဂုဏ်ယူပါတယ်။ စာမ​ရေးဖြစ်တာအတွက်လည်း ​တောင်းပန်ပါတယ်။ စာကြိုးစား ကိုယ့် နိုအာ​​လေး။

The Truth UntoldDove le storie prendono vita. Scoprilo ora