Chapter 25

135 9 5
                                        

ဖခင်ဖြစ်သူနှင့် ဂျီမင်းကို ထိပ်တိုက်ပေးတွေ့ပြီးသည့် နောက်ပိုင်း နမ်ဂျွန်း ဂျီမင်းကို အရင်ကထက် ပိုပြီး ဂရုစိုက်ပေးဖြစ်သည်။ ဂျီမင်းကလည်း ပြပွဲလုပ်ပြီးသည့် နောက်တွင် ပို၍ နာမည်ကြီးလာသည်။

ဒုတိယကမ္ဘာစစ်အတွင်း ကြုံတွေ့ခဲ့ရသည်နှင့် ပြန်လည်တည်ထောင်ရေးကာလများကြား မြင်ကွင်းများကို အသက်ဝင်အောင် ရေးဆွဲနိုင်သဖြင့် အများက နှစ်သက်ကြသည်။

တက္ကသိုလ်တွင်လည်း ဂျီမင်းက နာမည်ကြီးသူမလို့ ကောင်မလေးများကြားတွင်လည်း ရေပန်းစားသည်။ နည်းနည်းတော့ သဝန်တိုရတာပေါ့။ သို့ပေမဲ့ မမှုပါလေ ကျောင်းသွားကျောင်းပြန်ကိုတော့ ကိုယ်တိုင်အကြိုအပို့ လုပ်ပေးရတော့တာပေါ့။ စိတ်မှမချနိုင်တာ။

ဟိုဆော့ကို ကြည့်ရတာလည်း ထယ်ယောင်းဆိုသည့် ကလေးနှင့် တော်တော်လေးအဆင်ပြေနေပုံ။ အမြဲ ထိုကလေးနားကိုပဲ အကြောင်းမျိုးစုံနဲ့ ကပ်နေတာ။ ကျွန်တော့ အတွင်းရေးမှူးလား ထယ်ယောင်းရဲ့ အတွင်းရေးမှူးလားတောင် မသိတော့။ ဘာပဲဖြစ်ဖြစ် ဟိုဆော့အတွက်လည်း ကောင်းပါတယ်လေ။

နောက်ပြီး ဂျီမင်းကလည်း သူ့အဖေ အမှုကို ပြန်လိုက်နေပြီလေ။ ပြောရလျှင် လွန်ခဲ့တဲ့ ၁၅နှစ်လောက်က အမှုကို မည်သူက စုံစမ်းပေးမည်နည်း။ နောက်ပြီး တဟ်ဖတ်လူက  ကင်မ်ဂျင်ဟွမ်ဖြစ်နေသည်လေ။ နမ်ဂျွန်းနှင့် အဖိုးပတ်၏ အာဏာကြောင့်သာ လုပ်ပေးကြတာ။ ဂျီမင်းကတော့ သိမည်မထင်။

နောက်ပြီး ဒီအမှုအတွက် အခိုင်လုံဆုံး သက်သေတစ်ခုကို သူဂျီမင်းထံ လွှဲပေးဖို့ အချိန်တန်ပြီဟု ထင်လေသည်။ နောက်ပြီး အခုရေးနေသည့် စာသည်လည်း အာဒမ်အနေနဲ့ ဂျီမင်းထံ နောက်ဆုံးရောက်မည့် စာတစ်စောင်ဖြစ်သည်။

အဲ့နောက်မှာတော့ သူဟာ သူရဲ့ အာဒမ်ဆိုသည့် ဘဝကို အပြီးတိုင်မေ့ဖျောက်ပြီး ကင်မ်နမ်ဂျွန်းအနေနှင့်ပဲ ဂျီမင်းနှင့်အတူ အေးချမ်းစွာဖြတ်သန်းသွားချင်သည်။ စားပွဲပေါ်တင်ထားသော ဂျီမင်းပုံလေးကို ကြည့်ရင်း အံဆွဲထဲမှ ကတ္တီပါဘူးလေးကို ထုတ်ပြီး ရိုးရှင်းစွာ ပုံဖော်ထားသည့် ပလက်တီနမ်လက်စွပ်လေးကို ကြည့်ပြီး ပြုံးနေမိသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 17, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

The Truth UntoldDonde viven las historias. Descúbrelo ahora