ရက်သတ္တပတ်အကြာတွက် ရောက်ရှိလာတာက ဂျီမင်း၏ ပန်းချီပြခန်းပင်။ ဂျီမင်း၏ လက်ရာများကို သဘောကျကြသူများ များသဖြင့် ပြခန်းသို့ လာရောက်ကြသူများကလည်း မနည်းမနော။
ဂျီမင်းကတော့ နားနေခန်းထဲတွင်နေရင်း သိပ်မကြာခင်တွင် စတင်တော့မည့် သတင်းစာ ရှင်းလင်းပွဲအား စိတ်လှုပ်ရှားနေသည်။ ထယ်ယောင်းကတော့ ဘေးကနေ သူငယ်ချင်းအတွက် ပျော်နေသည်မှာ အထင်းသား။
'ဒေါက် ဒေါက်'
တံခါးခေါက်သံနှင့်အတူ အခန်းထဲသို့ ဝင်လာသည့် အစ်ကိုနမ်ဂျွန်းသည် နက်မှောင်သော ဆံသားထူထူတို့ကို သေချာပုံသွင်းကာ အနောက်သို့လှန်တင်ထားသည်။ နောက်ပြီး ရှပ်အင်္ကျီအဖြူနှင့် စတိုင်ပန့် အနက်ရောင် ရိုးရိုးရှင်းရှင်းကို ဝတ်ဆင်ထားသော်ငြား ခန့်ညားမှုတို့က အထင်းသား။ ထို့ကြောင့် ကျွန်တော် ငေးကြည့်မိသွားတာကို ဝန်ခံပါသည်။
"စိတ်လှုပ်ရှားနေလား ပန်းချီဆရာ နိုအာ"
"အာ နည်းနည်းပါ"
"အကုန်အဆင်ပြေသွားမှာပါ"
အစ်ကိုနမ်ဂျွန်းက အားပေးလာသည်မလို့ အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။
"နမ်ဂျွန်း အဆင်သင့်ဖြစ်ပြီ"
"သွားကြမလား ဂျီမင်း"
"ဟုတ်"
ထယ်ယောင်း၊ အစ်ကိုဟိုဆော့ ပြီးတော့ အစ်ကိုနမ်ဂျွန်း ထိုသူတွေက ကျွန်တော့အတွက် အားဆေးလေးတွေပင်။
'ဟူး လုပ်နိုင်တယ် ဂျီမင်း'
သတင်းစာရှင်းလင်းပွဲလုပ်မည့် စင်ပေါ်သို့ တက်လာသည့် အချိန်တွင် ကင်မရာမီးများက တဖျက်ဖျက်နှင့်။ ဒီလောက်ထိ မမှန်းထားသည်က အမှန်ပင်။
တစ်ချက်စိတ်လှုပ်ရှားသွားပေမဲ့ စိတ်ကိုတည်ငြိမ်အောင်ပြန်ထားတာ ပြခန်းဖွင့်ပွဲ မိန့်ခွန်းကို အဆင်ပြေပြေပြောနိုင်ခဲ့သည်။ ထို့နောက် ပြခန်းကို သေချာလိုက်ကြည့်ပြီး တစ်ချို့ပန်းချီကားများ အကြောင်းကို ရှင်းပြပေးသည်။
ပြခန်းဖွင့်ချိန် ပြည့်သွားပြီမလို့ ဂျီမင်း နေရာတော်တော်များများကို လိုက်စစ်ဆေးပြီး အစ်ကို နမ်ဂျွန်းကို လိုက်ရှာကြည့်တော့ ပန်းချီတစ်ချပ်ကို သေချာစိုက်ကြည့်နေသည်။ အဲ့ပန်းချီကလည်း အမှတ်မထင်တွေ့လိုက်ဖူးသည့် အာဒမ်၏ ကျောပြင်ကို ဆွဲထားသည့် ပုံပင်။
YOU ARE READING
The Truth Untold