Unicode
ဂျီမင်း သင်တန်းမှ ဂေဟာသို့ပြန်ရောက်တော့ ပုံမှန်အတိုင်းပင် ညနေစောင်းနေပြီဖြစ်သည်။ ဂျီမင်းအတွက်ကတော့ ကျောင်းပိတ်ရက်သည်လည်း ဖွင့်ရက်နည်းတူပင်.. ထို့ကြောင့် ရေမိုးချိုးပြီး ထမင်းစားချိန်အမှီ ထမင်းစားဆောင်သို့ သွားရတော့သည်။
ညစာစားပြီးတော့ မာသာက ခေါ်တွေ့ကာ ကျွန်တော့နာမည်နဲ့စာအိတ်လေးကို ပေးလာသည်။ ထုံးစံအတိုင်း ကျွန်တော့နာမည်သာပါပြီး ပေးပို့သူအမည်မပါသည့် စာအိတ်လေးကို ဂျီမင်းကုတင်ပေါ်တွင် ထိုင်ကာ ဖွင့်ဖောက်ဖတ်လိုက်မိသည်။
စာထဲက လက်ရေးပိုင်ရှင်ကတော့ မပြောင်းလဲ။ တစ်ခါတလေ သိချင်မိပါသည်။ ဘာလို့ လူလုံးထွက်မပြပဲ တိတ်တဆိတ်ကူညီနေရလဲဆိုတာကို။ အို.. အချိန်တန်ရင်တော့ သိရမှာပဲကို။ အတွေးကို လက်စသတ်ပြီး စာကိုသာဖတ်လိုက်သည်။
ဒီတစ်ခါစာထဲတွင်ရေးထားသည်က မကြာခင်အထက်တန်းကျောင်းတက်ရတော့မည့် ကျွန်တော့အတွက် လိုအပ်သည်များပင်။ လိုအပ်တာတွေကိုလည်း အစ်ကိုဟိုဆော့က လုပ်ပေးမယ်ပြောထားသည်။ နောက်တစ်ချက်က အထက်တန်းကို ပါရီမှာ တက်ရမယ်တဲ့။
ကျွန်တော်စာဖတ်နေရင်း ကုတင်ပေါ်မှ ဝုန်းခနဲထကာ မာသာဆီအပြေးသွားမိသည်။ မာသာ၏ ရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်ကာ ဝင်ခွင့်တောင်းလိုက်ပြီး မာသာခွင့်ပြုတော့ ရုံးခန်းအတွင်းဝင်သွားလိုက်သည်။
"မာသာ ဒီစာထဲကအကြောင်း မာသာသိပြီးပြီလား"
မာသာက ပြုံးကာ ကြည့်လာပြီး ကျွန်တော့အမေးကို ပြန်ဖြေသည်။
"ဟုတ်တယ် နိုအာ နိုအာလေး ပါရီမှာ အထက်တန်းသွားတက်ရမယ်"
"ဒါပေမဲ့.."
"သူတို့ဘက်က မာသာ့ဆီအကုန် ခွင့်တောင်းပြီးသွားပြီ အကုန်လုံးက နိုအာ့အတွက် အကောင်းတွေချည်းမလို့ မာသာလည်း မငြင်းနိုင်ခဲ့ဘူး"
ကျွန်တော်ဘာမှမပြောနိုင်ပဲ ခေါင်းသာငုံ့ထားမိသည်။ ပါရီကိုပြန်ရမှာတော့ ပျော်ပါသည်။ တစ်ချိန်ကျရင်လည်း ကိုယ့်အားနဲ့ကိုယ် ပြန်သွားဖို့ပါ တွေးထားပါသည်။ ပါးနဲ့အမှတ်တရတွေ ရှိခဲ့တဲ့နေရာပဲမလား။ ဒါပေမဲ့ အခုလို ရုတ်တရက်ကြီးကျတော့..
ESTÁS LEYENDO
The Truth Untold