Chapter 14

83 12 0
                                    

Unicode

ပန်းပျိုးသူတို့ဟာ သူတို့ပျိုးခဲ့တဲ့ ပန်းလေးကို ဘယ်တော့မှ မဆွတ်ရက်ပါဘူး။ ပွင့်ဖက်လေးတွေ ကြွေကျလာရင်တောင် တယုတယသိမ်းထားတတ်တာ။
ကြင်သူလေးဟာလည်း ကိုယ့်အတွက် ထိုကဲ့သို့သော ဖြစ်တည်မှုပါ။ ကြင်သူလေးက ကိုယ်ထာဝရငေးနေမယ့် ပန်းလေးတစ်ပွင့်ပါ။

》》》》》》》》》》《《《《《《《《《《

အဖိုးပတ်ဆီကို ရောက်တာနဲ့ အဖိုး၏ စာကြည့်ခန်းသို့ ဦးတည်သွားလိုက်သည်။ အခန်းရှေ့ကို ရောက်တော့ တံခါးခေါက်လိုက်ပြီး အဖိုးက ဝင်ဖို့ ပြောလာသံကြားတော့ ဝင်သွားလိုက်ပြီး မျက်နှာချင်းဆိုင် ခုံတွင် ဝင်ကာထိုင်လိုက်သည်။

စာဖတ်နေပုံပေါ်သည့် အဖိုးက စာအုပ်ကိုချလိုက်ပြီး နံဘေးနားရှိ ခုံပေါ်တွင်တင်ကာ မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း ကျွန်တော့ဆီသို့ အကြည့်ပို့လာသည်။

"အဆင်ပြေနေတယ်မလား နမ်ဂျွန်း"

"ဟုတ် အဖိုး အကုန်အဆင်ပြေနေပါတယ်"

"မြေးလေးကော"

"သူလည်း အဆင်ပြေပြေရှိနေပါတယ် ရောက်စဆိုတော့ နေသားကျဖို့တော့ ခက်ဦးမှာပါ"

"အင်း ငါသူ့ကို တွေ့လို့ရနိုင်မလား"

"အဖိုးသာ အဆင်သင့်ဖြစ်ရင် ကျွန်တော် ခေါ်သွားပေးဖို့ အသင့်ပါပဲ"

"ငါ့မြေးလေးက ခွင့်လွှတ်ပေးနိုင်ပါ့မလား"

"ဂျီမင်းက သဘောထားပြည့်ဝတဲ့ ကလေးမလို့ အပြစ်မြင်မှာမဟုတ်ပါဘူး"

ထို့နောက် အဖိုးနှင့် ကျွန်တော့ကြားတွင် လေထုကတိတ်ဆိတ်သွားသည်။ ထို တိတ်ဆိတ်နေတဲ့ လေထုကို ဖြိုခွဲလိုက်သူကတော့ အဖိုးပတ်ပင်။

"ဒါနဲ့ ကင်မ် မင်းအဖေ အကြောင်းတွေကြားသေးလား"

အဖိုးက တစ်ခါတစ်လေ ကျွန်တော့ကို ကင်မ်လို့ ခေါ်တတ်သည်။ အဖိုးပြောတာများကို သိသော်လည်း စိတ်မဝင်စားဟန်ပြကာ အငြင်းစကားသာဆိုလိုက်သည်။

"ကျွန်တော် စိတ်မဝင်စားဘူးအဖိုး"

"သူက သိပ်ကို တော်တဲ့ သံတမန်တစ်ယောက်ဆိုပြီး လူတိုင်းက ချိးကျူးနေကြတယ်"

The Truth UntoldDonde viven las historias. Descúbrelo ahora