Chapter 23

65 9 2
                                    

Unicode

ဂျီမင်း ကျောင်းတက်နေရင်း တစ်လျှောက်လုံး ပန်းချီပညာကိုလည်း လေ့လာနေခဲ့တာ ယခုဆိုလျှင် အတော်လေးကို ပို၍ ကျွမ်းကျင်လာပြီး ဂျီမင်း၏ လက်ရာများကို ပြသရန် လာရောက် ဝယ်ယူကြသူများ၊ ငှါးရမ်းကြသူများပင် အတော်အသင့်ရှိလာပြီဖြစ်သည်။

နမ်ဂျွန်းသည်လည်း တစ်စတစ်စ ကြီးထွားလာသည့် ဂျီမင်း၏ အောင်မြင်မှုကို ကြည့်ပြီး ဝမ်းသာမိသလို တစ်ဖက်တွင်လည်း ဖခင်ဖြစ်သူနှင့် တွေ့လာရမည်ကို ပူပန်နေရသည်။

ကောက်ကျစ်သည့် ဖခင်က ဒီတလောအတွင်း ငြိမ်နေသည်ဆိုတာ ကောင်းသော လက္ခဏာမဖြစ်နိုင်ရာ။ တစ်စုံတစ်ခုကို ကြံနေသည်ဆိုတာ သိသည်။ ထိုအကြောင်းကိုလည်း အမြဲ မိမိနောက်သို့ အမြဲလိုက်နေသည့် ဖခင်၏ တပည့်ဖြစ်သူကြောင့် သိနိုင်သည်။

ယခုလည်း အနောက်ကနေ တကောက်ကောက်ပါလာသည်မလို့ လမ်းကြိုလမ်းကြားများကြား ဝင်ထွက်နေရင်း မျက်ချေဖျက်နေရသည်။ တစ်နေရာရောက်တော့ လူရှုပ်သည့် လမ်းသွယ်လေးထဲဝင်လိုက်ပြီး အကွယ်တစ်နေရာတွက် ပုန်းနေလိုက်သည်။

အခြေအနေကို တစ်ချက်စူးစမ်းကြည့်မိတော့ ထိုလူက မျက်ချေပြတ်သွားလို့ စိတ်ရှုပ်နေသည့်ပုံဖြင့် လက်လျှော့ကာ ထွက်သွားတော့သည်။ ထိုအခါမှ ကျွန်တော်လည်း ပြန်ထွက်လာပြီး လုပ်စရာရှိသည်ကို ပြန်လုပ်ရတော့သည်။

နေထိုင်ရာ တိုက်ခန်းရောက်တော့ ထုံးစံအတိုင်း ဂျီမင်း၏ တိုက်ခန်းနှင့် ချိတ်ဆက်ထားသည့် စာချိတ်သည့် ကလစ်လေးတွင် စာတစ်စောင်ကို ချိတ်ထားပြီး ပြန်ထွက်လာခဲ့ပြီး လက်တလော တာဝန်ယူနေသည့် ပြခန်းကို စီမံရန် ထွက်လာခဲ့သည်။

ပြခန်းကိုရောက်တော့ ဟိုဆော့က ကျွန်တော့ထံ အလောတကြီးပြေးလာပြီး မျက်နှာတွင်လည်း တစ်ခုခုကို စိုးရိမ်ပူပန်နေဟန်။

"နမ်ဂျွန်း ရောက်ပြီလား"

"အွန်း ဘာပြဿနာရှိနေလို့လဲ ဟိုဆော့"

"မင်းပြခန်းမှာ ပြဖို့ ဂျီမင်းရဲ့ ပန်းချီတစ်ချပ်ပါတယ်မလား"

The Truth UntoldWhere stories live. Discover now