Chapter 16

51 11 2
                                        

Unicode

Carcassonneမြို့​လေး၌

ကျွန်​တော် ထယ်​ယောင်း၏ ​ဂေဟာ​ရှေ့တွင် ​ရောက်​နေခဲ့တာ အ​တော်ကြာ​နေပြီဖြစ်သည်။ ဘာလို့ ဒီကို ​ရောက်လာခဲ့သလဲ ကိုယ်တိုင်လည်းမသိခဲ့။ မနက်ခင်းရုတ်တရက်ကြီး ထယ်​ယောင်းအား သတိရသွားတာ ထလာခဲ့ခြင်းပင်။ ရောက်လာ​တော့လည်း ​ဂေဟာထဲမဝင်ပဲ ​ဂေဟာအ​ရှေ့၌သာ ​ခေါက်တုံ့​ခေါက်ပြန်​​လျှောက်​နေခဲ့တာ။ တစ်နာရီဝန်းကျင်​လောက်ပင်ရှိ​နေပြီဖြစ်သည်။

လက်​ကောက်ဝတ်ထက်ရှိနာရီကို ကြည့်လိုက်​တော့ ၂နာရီသို့ ညွှန်ပြ​နေသည်။ ထို့​ကြောင့်လည်း က​လေး​တွေ ထွက်ကစားကြတာ​​နေမည်။ သို့​ပေမဲ့ မိမိ၏ ဂျစ်တူး​လေးကို မ​တွေ့မိ။ ဘာလို့ပါလိမ့်။ ​နေမ​ကောင်းလို့လားစသဖြင့် ​မေးခွန်း​တွေသည် ​ခေါင်းထဲ​ရောက်လာခဲ့သည်။

"​ဟေ့လူကြီး ဘာ​တွေ​ချောင်း​နေတာလဲ"

"အမ​လေး"

​ကျောင်းဖွင့်ချိန်က တစ်ဖန်ပြန်​ရောက်လာ​ပြီး မကြာခင်တွင် အထက်တန်းတက်ရ​တော့မည်ဖြစ်သည်။ ထို့​ကြောင့် မြို့ထဲသွားကာ လိုအပ်သည့် ပစ္စည်းများ သွားဝယ်ခြင်းပင်။

လိုအပ်တာများကို ​တော်​တော်စုံစုံဝယ်ခြမ်းပြီး​နောက် ​ဂေဟာကို ပြန်လာ​တော့ ​​ဂေဟာထဲမဝင်ပဲ အပြင်ဘက် ဂိတ်ဝမှာတင် ကုတ်​ချောင်းကုတ်​ချောင်းနှင့်လုပ်ကာ ​ခေါက်တုံ့​ခေါက်ပြန်​​လျှောက်​နေသည့် ဟိုလူကြီးအား​တွေ့သည်။

ထို့​ကြောင့် နင်းလာသည့် စက်ဘီးအားအရှိန်သတ်ကာ ဆင်းလိုက်ပြီး ထိုလူကြီးနား​ရောက်သည်အထိ တွန်းသွားလိုက်သည်။ ဘယ်​လောက်ထိ အာရုံပြန့်​နေသည်မသိ ကျွန်​တော်​​ရောက်လာသည်ကိုပင်မသိပဲ စကား​ပြောလိုက်​တော့မှ အလန့်တကြား။

"ဂျစ်တူး ဘယ်က​နေထွက်လာတာလဲ"

"ခင်ဗျားကြီး​နော် ကျွန်​တော်ဂျစ်တူးမဟုတ်ဘူး"

ကျွန်​တော့အ​ပြောမှာ ဘာရယ်စရာပါသည် မသိ ထိုလူကြီးကရယ်သည်။ တကယ် အမြင်ကပ်စရာလူကြီးပါဗျာ။

"ဟုတ်ပါပြီ မဟုတ်ဘူးဆို​တော့လည်း မဟုတ်ဘူး​ပေါ့ ခုဘယ်ကပြန်လာတာလဲ"

The Truth UntoldWhere stories live. Discover now