Unicode
ဆောင်းဦးကာလမလို့ မနက်ခင်း ရာသီဥတုသည် အေးစက်စက်နှင့်။ မနက်ခင်း ၆နာရီထိုးခါနီးအချိန်သာ ပြောသည် အလင်းရောင်ပင် သိပ်မရှိသေး။ အအေးဓာတ်ကြောင့် သစ်ရွက်များ မြက်ပင်များပေါ်တွင် နှင်းရေစက်များကလည်း တွဲခိုနေသည်။ တစ်နည်းပြောရရင်ဖြင့် ရာသီဥတု အခြေအနေလေးသည် အိပ်ရာထဲဝင် ကွေးနေရန် အသင့်တော်ဆုံး ရာသီဥတုလေးပင်။
ထိုရာသီဥတုလေးအတိုင်း ထယ်ယောင်းသည်လည်း အိပ်ရာထဲတွင် ကွေးကွေးလေး အိပ်နေလေသည်။ သို့သော်လည်း နာရီလက်တံလေးသည် ၆နာရီအတိ ထိုးသွားချိန်တွင်..
ကလင် ကလင် (နှိုးစက်မြည်သံ)
နှိုးစက်မြည်သံကြောင့် ထယ်ယောင်းသည် အိပ်နေရာမှ နိုးလာပြီး နာရီအား လှမ်းကာ ပိတ်ရသည်။ မဟုတ်လျှင် တခြားသူများကို အနှောင့်အယှက်ဖြစ်မည်လေ။ ထပ်အိပ်ချင်သေးသော်လည်း ဂေဟာ ဝေယာဝိစများရှိသေးသည်မလို့ အားယူကာထလိုက်တော့သည်။
ဒီနေ့ မနက်ခင်းဂေဟာတွင် လုပ်ရမည့် ဝေယာဝိစများအတွက် တာဝန်ကျသူသည် ကျွန်တော်ဖြစ်သည်မလို့ အိပ်ချင်နေသေးသော်လည်း အားယူထကာ မျက်နှာသစ်ပြီး ဂေဟာရှိ တာဝန်များကို စတင်လုပ်တော့သည်။
ဂေဟာအဆောင်အတွင်းခန်းများကစ၍ သန့်ရှင်းရေးလုပ်လာခဲ့တာ အားလုံးပြီးသွားချိန်တွင် ၇နာရီကျော်ကျော်ပင် ဖြစ်နေပြီဖြစ်သည်။ အတွင်းပိုင်းသန့်ရှင်းရေးနှင့် အခြားလိုအပ်တာများ အားလုံးလုပ်ပြီးပြီမလို့ ဂေဟာအပြင်အား ထွက်လာခဲ့လိုက်သည်။
ဂေဟာအပြင်ပိုင်းတွင် လုပ်စရာသိပ်မရှိပေမဲ့ ကလေးများ ဆော့ထားသည်များနှင့် အမှိုက်များက ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေသည်မလို့ နေမတက်လာခင် အမြန်လုပ်ရန် ကြံလိုက်သည်။ ဦးဆုံး အမှိုက်များနှင့် သစ်ရွက်ခြောက်များကို လှဲလိုက်သည်။
ထို့နောက် ကလေးတွေဆော့ထားသည့် ဘောလုံးများနှင့် အခြားကစားစရာများကို ခြင်းတောင်းတစ်ခုတည်းတွင် စုသိမ်းပြီး သူ့နေရာနှင့်သူ ထားရန် တောင်းအား မချိန်တွင် မနိုင်သည်မလို့ နောက်ကိုလဲကျတော့မည့်အချိန် အရှေ့ဘက်မှ တောင်းအားထိန်းကိုင်ပေးလိုက်သည့်သူကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းလိုက်နိုင်ကာ နောက်ကမြေကြီးနှင့် မမိတ်ဆက်သွားခဲ့..
VOCÊ ESTÁ LENDO
The Truth Untold