Unicode
ကိုးရီးယားသို့ ရောက်ပြီးကတည်းက နမ်ဂျွန်းသည် ပြခန်းကိစ္စများနှင့်သာ အလုပ်ရှုပ်နေရသည်။ ကင်မ်ဂျုံမင်ဦးဆောင်သည့် ပြခန်းဆိုသော်ငြား နမ်ဂျွန်းသည် နာမည်မပျက်စေရေးအတွက် သေချာတာဝန်ယူကာ စီစဥ်ပေးနေသည်။
ပြပွဲစီစဥ်ပေးနေသည့် အတောအတွင်း ကင်မ်ဂျုံမင်နှင့် နမ်ဂျွန်းသည် မကြာခဏ ထိပ်တိုက်တွေ့သော်လည်း နမ်ဂျွန်းဘက်ကပင် မသိချင်ဟန်ဆောင်ကာ ကျော်ထွက်သွားခဲ့သည်။ သို့သော် တစ်နေ့တွင် တွေ့ရမည့် အကြောင်းက ဖန်လာခဲ့သည်။
ကျွန်တော်ပြခန်းတွင် ပန်းချီကားများ နေရာချထားခြင်းနှင့် အခြားသော ကိစ္စများကို ညွှန်ကြားနေရင်း ဦးလေးဂန်ကလာခေါ်သည်မလို့ အလုပ်အားခဏထားခဲ့ရင်း ထွက်လာခဲ့လိုက်သည်။
"ဦးလေးဂန် ဘာကိစ္စရှိလို့လဲ"
ဦးလေးဂန်သည် မျက်နှာပျက်နေပြီး တစ်ခုခုပြောရမည်ကို တုံ့ဆိုင်းနေဟန်။
"ဦးလေးဂန် တစ်ခုခု ပြဿနာဖြစ်လို့လား"
"ကင်မ်နမ်ဂျွန်း"
ကျွန်တော်ရှိရာသို့ တည့်တည့်လျှောက်လာပြီး နာမည်အားခေါ်ကာ ရောက်လာသည့် သူကြောင့် ကျွန်တော့ မျက်ခုံးသည် တွန့်ချိုးသွားပြီး လက်သီးအား ဆုပ်မိလျက်သား။ ဦးလေးကို ကြည့်လိုက်တော့ အတော်အားနာနေဟန်။ နားလည်ပါသည်ဟူသည့် ဟန်ပြကာ အဆင်ပြေကြောင်း ခေါင်းညိမ့်ပြလိုက်သည်။
ဦးလေးဂန်သည်လည်း ကျွန်တော့်ကို သံတမန်ကင်မ်နှင့်ထားခဲ့ကာ တစ်နေရာသို့ ရှောင်ထွက်သွားခဲ့သည်။
"ဘာကိစ္စများရှိလို့ပါလဲ သံအမတ်ကင်မ်"
"တစ်နေရာရာသွားရအောင်"
"ဒါဆို ကျွန်တော့်ရုံးခန်းကို ကြွပါခင်ဗျ"
ကျွန်တော့်ရုံးခန်းထဲသို့ရောက်တော့ သံအမတ်ကင်မ်သည် ရုံးခန်းတွင်းရှိ ဆိုဖာတွင်ထိုင်ကာ စောင့်နေသည်။ ကျွန်တော်သည်လည်း ထိုသူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ကာထိုင်လိုက်ပြီး ထိုသူ့ဘက်မှ စကားစလာမည်ကို စောင့်စားနေလိုက်သည်။
YOU ARE READING
The Truth Untold