Unicode
နောက်တစ်နေ့မနက် နမ်ဂျွန်းအိပ်ရာနိုးလာတော့ ခေါင်းက အနည်းငယ်နောက်ကျိနေသည်။ အကြောင်းအရင်းကတော့ ညက သူ၏ မားအကြောင်းအား ပြန်တွေးမိကာ ငိုကြွေးမိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်ခေါင်းကြည်သွားစေရန် လိုက်ကာအားတင်လိုက်ပြီး ပြတင်းပေါက်များအားဖွင့်လိုက်သည်။
လက်ဆတ်သောလေထုကို ရှူရှိုက်လိုက်ရတော့ အနည်းငယ်လန်းဆန်းသွားသည်မလို့ မနက်စာစားရန် အောက်ထပ်ကို ဆင်းလာလိုက်သည်။ အောက်ထပ်ရောက်တော့ ဟိုဆော့က မီးဖိုခန်းထဲတွင် မနက်စာကို ပြင်ဆင်နေပြီဖြစ်သည်။
"Bonjour နမ်ဂျွန်း"
"Bonjour"
ဟိုဆော့ကလည်း မိတ်ဆက်ပြီး မနက်စာပြင်ဆင်ခြင်းကို ပြန်ပြီး အာရုံရောက်သွားသလို ကျွန်တော်ကလည်း စားပွဲဝိုင်းတွင်ထိုင်ပြီး သတင်းစာအားဖတ်နေလိုက်သည်။
သတင်းစာဖတ်နေရင်း တွေ့လိုက်ရသည့် သတင်းတစ်ပုဒ်ကြောင့် ကျွန်တော် ရယ်လိုက်မိသည်။ ခေါင်းစည်းက ဘာတဲ့.. ပြင်သစ်-တောင်ကိုးရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံရသည့် တောင်ကိုးရီးယား လွှတ်တော်အမတ်ကင်မ်ဆိုပဲ။
တစ်သက်နဲ့တစ်ကိုယ် ထိုအဖေဆိုသည့် သူလောက် မျက်နှာပြောင်သည့် သူမျိုးမတွေ့ဖူးပေ။ တစ်ချိန်က ပြင်သစ်သည် ဂျာမန်ဖိနှိပ်ခံ ဘဝတုန်းက သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြည်ဖုံးကားချပြီး အခုကျအရေခြုံပြီး သူတော်ကောင်း လုပ်နေလိုက်တာများ။
"နမ်ဂျွန်း မနက်စာရပြီ"
ဘေးမှ ဟိုဆော့အသံကြားမှ အသိပြန်ဝင်လာပြီး သတင်းစာကိုသိမ်းလိုက်ကာ မနက်စာကို စားလိုက်တော့သည်။
"အဖိုး ပတ်ခ် စာပို့ထားတယ် မနေ့ညက ငါလည်း အိမ်ပြန်မရောက်တာနဲ့ မပေးဖြစ်တာ ဒီမှာ"
ဟိုဆော့ကပြောရင်း စာအိတ်လေးကို ကမ်းပေးလာသည်။ ကျွန်တော်လည်း အချိန်မဆွဲပဲ စာအိတ်အားဖောက်ကာ ဖတ်လိုက်တော့ အဖိုးက ဂျီမင်းအကြောင်းများ ရေးထားပြီး ပါရီကိုရောက်နေကြောင်းပါ ပြောထားပြီး ကျွန်တော့ကိုလည်း တွေ့ချင်ကြောင်းပြောထားသည်။
KAMU SEDANG MEMBACA
The Truth Untold