Chapter 21

69 9 2
                                    

Unicode

ပြင်ဆင်ခွင့်တွေသာ ရခဲ့မယ်ဆိုရင် ပထမဆုံး စတွေ့ကတည်းက မင်းရှေ့ကို ရဲရဲဝံ့ဝံ့တိုးလာပြီး အရာအားလုံးကို ပြောပြမိခဲ့မှာ ကြင်သူငယ်.. ဇာတ်ဆရာအလိုကျ ကနေခဲ့ရတဲ့ အခုချိန်ကတော့ အရာအားလုံး နှောင်းသွားခဲ့ပြီမလို့ ဖန်တီးခဲ့ပြီးနောက်ကိုပဲ ဇာတ်လမ်းနောက်ကိုပဲ ကြင်သူငယ်က လိုက်ခဲ့ပေးပါ။

နောင်ဘဝများသာရှိဦးမယ်ဆိုရင် ကိုယ်တို့နှစ်ယောက် သေချာပေါက် ပြန်ဆုံတွေ့ကြမယ်။ အဲ့အချိန်ကျ ဇာတ်ဆရာအလိုကကျမဟုတ်တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဇာတ််လမ်းလေး တစ်ပုဒ်ဖန်းတီးကြမယ်။ အဲ့ဒီ့ဇာတ်လမ်းလေးက ဒီကမ္ဘာပေါ်မှာ အလှပဆုံး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာမှာပါ။

From Adam's Diary

》》》》》》》》》》《《《《《《《《《《

မနက်ခင်း အခန်းရှေ့တွင် ဆူဆူညံညံဖြစ်နေသည့် အသံများကြောင့် အအိပ်ဆက်သည့် ကျွန်တော်သည် ဆက်အိပ်မရပဲ နိုးလာတော့သည်။ ထို့နောက် ထထိုင်လိုက်ပြီး နာရီအားကြည့်လိုက်တော့ မနက် ၆နာရီခွဲခန့်သာ ရှိသေးသည်။ အိမ်များပြောင်းလာကြတာလားဟု စိတ်ကထင်လိုက်ပြီး ထကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အိပ်မှုန်စုံမွှားနှင့် ထလာပြီး တံခါးအားအဖွင့် အခန်းတံခါးရှေ့၍ တံခါးခေါက်ရန် လက်ဟန်ပြင်ထားသည့် အစ်ကို နမ်ဂျွန်းနှင့် တည့်တည့်တိုးသည်။ ဒီအခြေအနေက ဘယ်လိုအခြေအနေမျိုးလဲ

ကိုးရီးယားမှ ညနေလေယာဥ်စီးလာခဲ့ကာ တစ်နေကုန်နီးပါးစီးပြီးနောက် မနက်ခင်း ၆နာရီဝန်းကျင်တွင် ရောက်လာခဲ့သည်။ ရောက်ရောက်ခြင်းပင် ဘယ်ကိုမှ မသွားပဲ တိုက်ခန်းသို့သာ တန်းလာခဲ့လိုက်သည်။

တိုက်ခန်းကိုရောက်တော့ အရင်ဆုံး မှာယူထားသည့် ပန်းချီကားကို သယ်ယူဖို့ ညွှန်ကြားခဲ့ပြီး ကြင်သူလေး၏ အခန်းကို ဦးတည်လိုက်သည်။ ထို့နောက် အခန်းတံခါးခေါက်ရန် ပြင်နေစဥ်မှာပဲ အချိန်ကိုက်ပွင့်လာသည့် တံခါးကြောင့် ကျွန်တော့လက်တွေသည် လေထဲမှာပင် ရပ်တန့်သွားရသည်။

The Truth UntoldWhere stories live. Discover now