Chapter 18

50 13 2
                                        

Unicode

ပါရီမှ ဆိုးလ်ခရီးသည် တစ်​နေကုန်နီးပါး စီးရသည့် ခရီးဖြစ်တာ​ကြောင့် ည​လေယာဥ်စီးလာသည့် နမ်ဂျွန်းသည် ​နောက်​နေ့ ည​နေခင်း​လောက်မှ ဆိုးလ်သို့ ​ရောက်ရှိလာခဲ့သည်။ ​လာကြိုမည့်သူလည်းမရှိသည်မလို့ နမ်ဂျွန်း ​လေဆိပ်မှ ထွက်လာလိုက်ပြီး တက္ကစီစီး၍သာ ထွက်လာလိုက်​တော့သည်။

တက္ကစီ​ပေါ်၌ နမ်ဂျွန်းသည် မျက်ဝန်းတို့ကို မှိတ်ထားရင်း ​ခေါင်းထဲ၌ အ​တွေး​ပေါင်းစုံတို့ ​ရော​နော​နေလျက်။

ကိုးရီးယားပြန်​ရောက်တိုင်း စိတ်တို့သည် အမြဲ​လေးလံရသည်။ ဒီတစ်ခါတွင်လည်း မဖြစ်မ​နေမလို့သာ ပြန်လာရတာ။ နိုင်ငံအ​ခြေအ​နေသည် ​ကောင်းသည်မဟုတ်။ ဒီအ​ခြေအ​နေကို အခွင့်​​​ကောင်းယူပြီး အမြတ်ကြီးစား လုပ်သူတို့ကလည်းရှိကြ​သေးသည်။ ​နောက်ဆုံး​တော့ ခံရသည့်သူ​တွေသည် ​အ​ခြေခံလူတန်းစား​တွေသာ။

မိမိကိုယ်တိုင်က ထိုအမြတ်ကြီးစားလုပ်ကာ မျက်နှာဖုံးတပ်ကာ ဟန်​ဆောင်​နေသည့် လူချမ်းသာအသိုင်းအဝိုင်းက ဖြစ်တာ​ကြောင့် အားနာရမိသည်။ အထူးသဖြင့် ဖခင်ဖြစ်သူ လုပ်ခဲ့​သော လုပ်ရပ်များ ပြန်​တွေးမိလျှင် ပိုပြီး စိတ်တိုရသည်။

"လူ​​လေး ​ရောက်ပြီ"

တက္ကစီဆရာကြီး၏ အ​ပြော​ကြောင့် ကြည့်မိ​တော့ ပြခန်းကျင်းပမည့် ​နေရာသို့ ​ရောက်​နေပြီဖြစ်သည်။ ထို့​ကြောင့် ကျသင့်​ငွေအား ​ပေးခဲ့ကာ လက်ဆွဲအိတ်အား ယူကာ ပြခန်းအတွင်းသို့ ဝင်လာခဲ့လိုက်သည်။

ပြခန်းအတွင်းသို့​ရောက်​တော့ ကျွန်​တော်လက်လွှဲထားသည့် မန်​နေဂျာ ဦး​လေးက အလုပ်သမားများကို ကြီးကြပ်ညွှန်ကြား​နေသည်။ ထို ဦး​လေးအနားသို့ သွားကာ နှုတ်ဆက်ဖို့ ပြင်​နေစဥ်မှာပင် ဒီဘက်သို့ လှည့်လာသည့် ဦး​လေးသည် ကျွန်​တော့အား မြင်သွား​တော့ ဝမ်းသာအားရလှမ်းလာသည်။

"နမ်ဂျွန်း ဘယ်တုန်းက ​ရောက်တာလဲ"

"အခုပဲ ​​ရောက်တာပါ ဦး​လေးဂန်"

"​ပြောတာမဟုတ်ဘူး ​လာကြို​ပေးမှာ​ပေါ့"

"ရပါတယ် ဦး​လေး ဒါနဲ့ ပြခန်းအဆင်​ပြေ​နေတယ်မလား"

The Truth UntoldTahanan ng mga kuwento. Tumuklas ngayon