''ငါက လုံးဝ အောက်မှာမနေဘူးနော်!''
===
နှင်းဆီပန်းကြီးကိုင်ပြီး ရှက်စရာကောင်းတဲ့စကားတွေ လာပြောနေသည့် J group ရဲ့ CEO ကို Taehyung ထတီးပစ်ချင်လာသည်။
ငါက သူနဲ့
ကိုးဆယ့်ငါးခါတောင် အိပ်ရမယ် !?ခံရတာက သူ့ဖင်မဟုတ်တိုင်း
ဒီCEO Jeon က မညာမတာ ဒီအပေးအယူကြီးကို plan ဆွဲတယ် ။တွေးရင်းနှင့်ပင် Taehyung ဒေါသတို့က တလိမ့်လိမ့်ထွက်လာသည်။
''အိပ်ယာပေါ်မှာ လိမ္မာရင် ကိုယ်က နှင်းဆီကို နှစ်ပွင့်တောင် ပေးမှာ''
Eye piercing ထိုးထားသည့် သူ့မျက်ခုံးကို ပင့်ပင့်ပြီး ပြောနေပုံက သေလောက်အောင်ကို ဆွဲဆောင်မှုရှိနေတာမို့..
မိမိထက်ကြည့်ကောင်းသည့် ဤနတ်ဆိုးကို Taehyung ပိုလို့ ပိုလို့ပင် ခွထိုးချင်လာသည်။
''xီးမို့လို့ ငါက မင်းနဲ့ အိပ်ရမှာလား ။ ဘာနှင်းဆီတွေနဲ့ အပေးအယူလည်း ။ ဘာကိုးဆယ့်ငါးခါလည်း ။ စီးပွားရေးလောကထဲ အသက်ငယ်ငယ်နဲ့ ဝင်လာလို့ မင်းဦးနှောက်က ချောင်သွားတာလား ။ မင်းအခု မထိတထိပြောနေတာ ဘယ်ကောင်လည်း တချက်ကြည့်ဦး ။ Kim Taehyung ကွ CEO Kim Taehyung''
စိတ်ထဲမှာ ဘယ်လောက်ပဲ လက်သီးစာ ကျွေးချင်နေပါစေ ၊ အပြင်ပန်းမှာတော့ Taehyung ဟာ သူ့ရဲ့ gentleman type ကို အပျက်မခံ ။ သတိပေးရုံသာ လုပ်နေသည် ။
''ငါ ဒီလောက်ပြောနေတာတောင်
မင်းအမှတ်မရှိရင် ငါ-''စကားလုံးတွေ ထွက်မလာအောင်
CEO Jeon က Taehyung နှုတ်ခမ်းဖျားကို နှင်းဆီပန်းဖြင့် လှမ်းပိတ်သည်။''ခင်ဗျားက အရင်အတိုင်း ဒီကောင်နဲ့ အိပ်ဖို့ ငြင်းဆန်တုန်း.. မပူပါနဲ့ ခင်ဗျားဆီက ချစ်စရာအသံလေးတွေ ထွက်မလာရင် ဒီကောင့်ပါးကို စိတ်ရှိအတိုင်း ထိုးပစ်လိုက်''
စိန်ခေါ်သည့် အပြောနှင့် လည်ကို စောင်းငဲ့ပြီး သူ့ပါးရိုးကို Taehyung ဆီ ထိုးပေးသည် ။ အလိုရှိတိုင်း စီရင်ပါပေါ့လေ ။
''တော်စမ်းပါ''
နှုတ်ခမ်းဝနား ရှိနေသည့် နှင်းဆီပန်းကို CEO Kim ဟာ လက်နှင့် အကြမ်းပတမ်း ခါချပြီး လှည့်ထွက်ရန်ပြင်သည်။
![](https://img.wattpad.com/cover/306065477-288-k623357.jpg)
YOU ARE READING
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV