7

32.6K 2.3K 254
                                    

'' ဒီကောင်က နှင်းဆီကို
ရှုပ်ချင်လို့ပဲ လိုက်လာတာ ''

===

မနက်၅နာရီ နှိုးစက်မြည်သံကြောင့် Taehyung အိပ်ယာက နိုးလာသည်။

သို့သော် တချို့သော မနက်ခင်းတွေနှင့်မတူ ။ အောက်ပိုင်းတကြောလုံး ထုံပေနာကျင်နေသည် ။

အရင်လူတွေနဲ့က Top ဖြစ်ခဲ့တော့
ခါးပဲ ညောင်းပေမဲ့ အခုတော့
ညောင်းနေတာက ဒူးတွေ ။

ဟိုသကောင့်သားက ညက သူ့ကို
ဘယ်နှကြိမ်တောင်မှ
ဒူးထောက်ခိုင်းခဲ့သလည်းဟမ်!

ဘေးတဖက်က လွတ်နေတဲ့ အိပ်ယာခင်းဆီ စမ်းကြည့်တော့ အေးစက်နေရာ ထိုယောကျ်ားထွက်သွားသည်မှာ ကြာပြီထင်၏ ။ Taehyung ကတော့ သိပ်ပြီး အထွေအထူး ပူဆွေးမနေခဲ့ ။

ဘာကို ပူဆွေးရမှာတဲ့လည်း ။ သူတို့နှစ်ယောက်က ဒီအတိုင်း Sex Partner သာသာ ၊ အဲ့ဒီအတွက် အချစ်တွေ ၊ အထိအတွေ့တွေ ၊ သံယောဇဥ်တွေ နည်းနိုင်လေကောင်းလေပဲ ။ ဘာမှတွယ်မက်နေစရာကို မလိုတာ ။

အတွေးတွေမပြန့်အောင် စားပွဲပေါ်က laptop ကို လှမ်းယူပြီး အတွင်းရေးမှူးဆီမှ Mail ကို စစ်ကြည့်လိုက်သည်။

''မနက် ၉ နာရီ အစည်းအဝေး''

နာရီကို တချက်ရှိုးကြည့်တော့ ၈ နာရီ။ ပျင်းရိနေရန်မသင့်တော့ ၊ လက်တွေ့ဘဝထဲကို Smart ကျကျနဲ့ ခြေစုံပစ်ဝင်ဖို့ ပြင်ဆင်ရမည်ဖြစ်သည် ။

ရေချိုးခန်းဆီ မနည်းလျှောက်ရပြီး ရေထိတာတောင် အဲ့နေရာက စပ်ဖျဥ်းနေလို့ ရေလည်းကြာကြာမချိုးနိုင်ခဲ့ ။

အခုလည်းကြည့် ဝတ်စုံကိုတောင် မနည်းတင်းခံပြီး ကြိုးစားဝတ်နေရသည်။

အဲ့ဒီ JJK ဆိုတဲ့ကောင်က Superman များ သေလို့ ဝင်စားတာလားဟမ်!

သူ့လိုမျိုး ကျန်းမာသန်စွမ်းတဲ့ ယောကျ်ားတစ်ယောက်ကိုတောင် ကူကယ်ရာမဲ့အောင် လုပ်ပစ်နိုင်တာ ဆိုတာလေ ။ ထားပါတော့ တခြား နုဖက်အုအက်နေတဲ့ ယောကျ်ားလေးမို့ သူ့ဒဏ်ကို မခံနိုင်တာဆိုလည်း ကြားကောင်းသေး ။ အခုဟာက Kim Taehyung ဆိုတဲ့ သူ့ကိုတောင် ခြေခွေစေတဲ့အထိ ။

Hey Rose !Where stories live. Discover now