'' ရို့.. ဗိုက်..ဗိုက်..ဆာ..''
လက်ပိစိလေးတွေဖြင့် ဗိုက်ကိုပုတ်ပြပြီး ထမင်းတောင်းနေသည် ။
Taehyung ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ။ နာရီကိုမော့ကြည့်တော့လည်း ၈နာရီက ထိုးခါနီးပြီ ။ ဒီမနက်က Brand အသစ်တင်ပို့မယ့်အကြောင်းအရာတွေကို စာချုပ်ချုပ်ရမှာ ၊ နောက်ကျလို့မဖြစ်နေပြန်။
'' ရို့.. မိန်မိန်..ကျွေး.. မိန်မိန်''
လက်သီးဆုပ်လေးတွေက သူ့ ဘောင်းဘီကိုပါ ဆွဲရမ်းလာပြီ ။ မကြံစည်တတ်တော့ ၊ ချက်ချင်းပဲ စာကြည့်ခန်းထဲကို ပြေးရတော့၏ ။
ကလေးတစ်ယောက်ကို ထမင်းဘယ်လိုကျွေးရမလည်း သူ မသိဘူး။ ကျိန်းသေ JJK ပဲ သိမှာ ။
'' အိုး.. လက်တွဲခွင့်ရတာ
သိပ်ဝမ်းသာတာပေါ့.. J Group က ခင်ဗျားကို စိတ်ပျက်စေရမှာ မဟုတ်ပါဘူး .. အကြွင်းမဲ့ ယုံကြည်လိုက်ပါ '''' ဥက္ကဌ Jeon က.. ဘယ်သူမို့လို့လည်း.. ကျွန်တော်တို့ဘက်ကတော့
ပြည့်ပြည့်ဝဝ ယုံကြည်ပြီးသားပါ '''' အာ.. ဝမ်းသာမိသောပါပဲ ''
Shitt.. JJK က online meeting တက်နေခဲ့တာပဲ ။ သည်လိုဆို ဟိုအရှုပ်ထုပ်လေးကိစ္စ သူ အပူကပ်လို့မဖြစ်တော့ ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြည့်စီစဥ်မှဖြစ်မည် ။
သို့နှင့် သို့နှင့် ဖွင့်မိသွားသည့် တံခါးစွန်းကို အသာလေးဖိပိတ်ကာ လှည့်ထွက်မည်ပြင်တော့ နားအရမ်းပါးလွန်းသည့် JJK က ပါတနာနှင့် စကားပြောရင်းကနေ ချက်ချင်းလှည့်ကြည့်လာသည်။
'' နှင်းဆီ.. ''
Shitt..
ကုမ္ပဏီ ၁၀ခုစာ တန်သည့် ပရောဂျက်ကို ဆွေးနွေးနေတဲ့အချိန်မှာတောင် သူ့ကို လှမ်းခေါ်သေးတယ်လား ။
Taehyung ခေါင်းနပန်းကြီးလွန်း၍ မသိဟန်ဆောင်ကာ လှည့်ထွက်မည်ပြုတော့ အလုပ်စားပွဲပေါ်ကနေပါ JJK က ထလိုက်လာမည်ဟန် ပြင်သည်။
'' နှင်းဆီ..
ဒီကောင် မေးတာဖြေစမ်းပါဦး ''JJK ဆီမှ အသံကျယ်လာတော့ Meeting ထဲကနေ ချောင်းဟန့်သံတွေထွက်လာတော့၏ ။
'' မဟုတ်မှ ဥက္ကဋ္ဌ Jeon ရဲ့ အိမ်သူသက်ထားလေးလား ''
'' Mrs. Jeon ဖြစ်မယ် ''

YOU ARE READING
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV