24

22.3K 2.1K 362
                                    

'' တစ်ဖန် ​အသက်ဝင်လာသည့်
နှင်းဆီစာချုပ် ''

_____

ဆေးရုံကားတစ်ခု ရောက်လာပြီးနောက် အမေ့ကို ဂရုတစိုက်ဆေးရုံဆီ ခေါ်သွားကြသည် ။ သို့ပေမဲ့ ဆေးရုံစောင့်အနေနဲ့ လိုက်သွားဖို့ အိမ်သားတစ်ယောက်တလေကိုမှ Jungkook က ခွင့်မပြု ။

အကြောက်မပြေသေးသော မောင်နှမနှစ်​ယောက်ကိုတော့ အခန်းထဲတွင် ထည့်ပိတ်ထားပြီး Taehyung ကိုတော့ နွားနို့ပူပူလေး ဖျော်ပေးနေသည် ။

သန့်ပြန့်နေသည့် ကျောပြင်ပုံရိပ်ကို ကြည့်ပြီး Taehyung စိတ်တွေမတည်ငြိမ်ခဲ့ ။ သွေးထွက်သံယိုအခြေအနေကို မလန့်သွားဘူးပြောရင် ရူးနေလို့ပဲ ဖြစ်ရမည်။

သူ့မိသားစုဝင်တွေ အထပ်ထပ်အခါခါသုံးခဲ့သည့် ' Psychopath ' ဟူသည့်နာမ်စားက အခုလိုအခြေအနေကို ရည်ညွှန်းခြင်း ဖြစ်မည် ။

ကျောချမ်းစရာ အဲ့ဒီဘက်ခြမ်း.. ၊

Taehyung မျက်လုံးမှိတ်လိုက်တိုင်း
ရုပ်ရှင်တစ်ခုလို ရှင်းရှင်းလင်းလင်းပေါ်လာစမြဲ။

ထိုခဏ ကြားလိုက်ရသည့်
သီချင်းညည်းသံ ။

ဟာမိုနီပုံစံမျိုးပဲ လိုက်ညည်းနေခြင်း။
အသည်းထဲအထိပင် စိမ့်သွားသည် ။

'' ကိုကြီး သားတို့ကို ထုတ်ပေးပါဦး ။ ကိုကြီး ကယ်ပါဦး ''

လေတိုးသံတစ်ချို့ Taehyung ထိုင်နေသည့် ခပ်လှမ်းလှမ်းရှိ အခန်းတစ်ခုမှ ထွက်လာသည် ။

မီယောင်းနှင့် ဒိုယောင်း ဖြစ်မည်ထင်သည်နှင့် မီးဖိုချောင်ထဲမှ ကျောပြင်ဆီ Taehyung အလျင်စလို စောင်းငဲ့ကြည့်မိသည် ။

သီချင်းညည်းလို့ မပြီးသေး ။

မီယောင်းနဲ့ ဒိုယောင်း..
သူတို့ ကြောက်နေရှာမှာ ။ သံယောဇဥ် သိပ်မရှိခဲ့ဘူးဆိုဆို သူက အကြီးဆုံးအကိုပင် ၊ တံခါးဖွင့်ပေးဖို့ ပြင်လိုက်သည်။

မသိလောက်ပါဘူး အထင်နှင့် သွားဖွင့်ဖို့ ခြေဖဝါးတွေကို ကြွကာရှိသေး..

'' နှင်းဆီ.. ''

ကျောပေးထားတာလေ..
ဘယ်လိုများ သိနေရတာလည်း။

Hey Rose !Onde histórias criam vida. Descubra agora