31

19.6K 1.4K 377
                                    

နီးကပ်နေသည့်အလုပ်ချိန်ကြောင့် လက်မှနာရီကို ငုံ့ကြည့်ရင်းက CEO Kim ဟာ စိတ်မရှည်တော့ ။

" ကားက ဘာလို့ကျပ်နေပြန်တာလဲ "

" အရှေ့မှာ လူစုလူဝေးဖြစ်နေပုံရပါတယ် CEO "

မန်နေဂျာမှာလည်း ခန့်မှန်းချေနှင့် ပြောနေရပေမဲ့ ပါးနပ်စွာလည်း CEO Kim ကို ကားမှန်ကနေတဆင့် သတိထားကြည့်နေရ၏။

" အိုပါး..အိုပါး... အိုပါး ဂျီဂူး...
လွမ်းနေခဲ့တာလို့ "

"အိုပါးကို တရားစွဲမယ် ..
ကျွန်မတို့နှလုံးသားတွေကို နာကျင်အောင်လုပ်မှုနဲ့ "

" အိုပါး ဘယ်ချိန်လောက် come back လုပ်မှာလဲ ဟင် ဟင် "

'' အိုပါး... ချစ်တယ် ! "

ပွက်လောရိုက်နေသည့်အသံတွေက အသံလုံသည့် ကားမှန်ကနေတဆင့်ကို စိတ်ပျက်စရာကောင်းအောင် ကျူးကျော်လာတော့..

ဆယ်ကျော်သက် အရွယ်မိန်းကလေးငယ်တွေကို ကြည့်ပြီး Kim က စုတ်သပ်သည်။

" မွန်းဂျီဂူးက ပရိသတ်ကတော​့
အများသား "

'' GuGu Lover Fan base က Korea မှာ အင်အားအတောင့်ဆုံးပါပဲ "

'' အင်း.. ဘယ်လိုနေနေ Haru San ဆီကနေ ရုန်းထွက်နိုင်လာတဲ့ ဦးနှောက်ဝင်သွားတာပဲ ဝမ်းသာပါတယ်.. "

'' Suprise Fan Meeting ဖြစ်မယ် ..
ဆိုးတာက မီးပွိုင့်နားကိုမှ ရွေးတတ်တာပဲ "

'' အင်း.. နောက်တစ်ခါဆို JJK ကို ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ ခေါ်ခိုင်းဖို့ ပြောရမှာပဲ "

ဤတွေးစစအသံသြသြနောက်
မန်နေဂျာ ချက်ချင်းအသံတိတ်သွားသည်။

သိသာသိစေ မမြင်စေနဲ့ ဆိုသည့်အတိုင်း သူလုံးဝကို မသိချင်ယောင်ဆောင်နေမှ အသက်ရှင်မည်ထင်ပါသည်။

.....

" သက်သာလား "

တုံးတိလွန်းသည့် မက်ဆေ့ချ်ကို အခေါက်ခေါက်အခါခါ ဖတ်ကြည့်ရင်းက CEO Kim က မျက်ခုံးကိုတွန့်ချိုးသည်။

Emoji ထဲမှာ အသဲပုံတွေ ရှိနေတယ်လေ ၊ သူ မသုံးတတ်ဘူးလား ။

" 👍🏻 "

လက်မ emoji ပြန်ပို့လိုက်သည်နှင့် ချက်ချင်း seen ပြပေမဲ့ စာတော့ပြန်မပို့ ။

Hey Rose !Where stories live. Discover now