25

24.6K 2K 576
                                    

'' Pool Sex ''

...

'' စကြတော့မလား ''

အင်္ကျီကြယ်သီးကို ဖြုတ်နေရင်းက
သူ့ကို မကြည့်ပဲ လှမ်းမေးသည် ။

သဘောမကျ ၊
နှင်းဆီက အစိမ်းကားလွန်နေသည် ။

'' ခြံဝန်းထဲက ရေကန်ထဲမှာ
စောင့်နေမယ် ။ လိုက်လာခဲ့လိုက် ''

'' နှင်းဆီ ''

ခါးပတ်ကိုပါ ဖြုတ်နေသည့်လက်တွေကို ဆွဲယူဟန့်တားတော့
ဗလာကျင်းနေသည့်မျက်လုံးတွေနှင့်  သူ့ကိုမော့ကြည့်သည့် နှင်းဆီ ။

'' ဘာလဲ မင်းလိုချင်တာ
ဒါမဟုတ်ဘူးလား ''

ရင်ထဲ အောင့်သက်သက်ဖြစ်သွား၏။

'' မဟုတ်ဘူး .. ဒီလိုအနေအထားနဲ့
လိုချင်တာ မဟုတ်ဘူး ''

ဒီကောင် လိုချင်တာက အချစ်တွေ မေတ္တာတွေနဲ့ ဖောဖောသီသီ ။

'' နှင်းဆီစာချုပ်က ငါ့ကို ဖာ့ခ်ဖို့ မင်းဆွဲတဲ့ လှောင်အိမ်ကြီး မဟုတ်ဘူးလား ။ ဖာ့ခ်လေ ငါ့ကို.. မင်းစိတ်ကြိုက် ဖာ့ခ်ပစ်လိုက် ''

'' နှင်းဆီ ! ခင်ဗျား သိပ်ဆိုးမလာနဲ့ ''

'' ဆိုးတယ် ။ ဆိုးမှာပဲ ။ မင်းငါ့ကို စိတ်ကုန်ပြီး ပစ်ချသွားလည်း နည်းလား ''

တစ်ယောက်တစ်ခွန်း အော်သံကျယ်လာတော့ နှုတ်ခမ်းကိုသပ်ကာ အရှုံးပေးရပြန်တာက သူ ။

'' နှင်းဆီ .. ''

'' မခေါ်နဲ့ ''

ဤအခေါ်အဝေါ်ကို တားမြစ်လို့
မရပါပဲ Taehyung ဟာ သူ့အပေါ်ဆို ဆိုးသည် ။

'' နှင်းဆီ ဒီကောင့်ကို ကြည့်ပါဦး ''

တောင်းဆိုတော့ မျက်နှာကို ဘေးလှည့်ထားသည် ။ ဆိုလိုချင်တာက မကြည့်ချင်ဘူးပေါ့ ။

ထို့ကြောင့် သူ အတတ်နိုင်ဆုံး
လေသံကို နှိမ့်ချလိုက်ကာ.. နှင်းဆီ၏ လက်ဖဝါးတစ်ခုကို ဆွဲယူလိုက်ပြီး သူ့ဘယ်ဘယ်ရင်အုံဆီ တင်ပေးလိုက်ရင်း...

'' ကြည့်ပါဦး..  ခင်ဗျားကို ခူးဖို့ ၊ ထိတွေ့ဖို့ နှင်းဆီဆူးတွေ
တနင့်တပိုး ဆူးခံခဲ့ရတဲ့
ဒီကောင့် နှလုံးသားလေးကိုလေ
ကြည့်ပါဦး.. ကြည့်ကြည့်ပါဦးကွာ.. ''

Hey Rose !Where stories live. Discover now