3

26.5K 2.4K 236
                                    

"အနမ်းနဲ့ စာချုပ်ချုပ်တယ် ခေါ်တယ်။
ဒါပေမဲ့ မခိုင်မြဲမှာကြောက်လို့ ပြန်ထပ်နမ်းရအောင်''

======

အကြွေးဗလပွနှင့် CEO ရာထူးပြုတ်သွားပေမဲ့ Taehyung အတွက်က စားစရိတ် ၊ သောက်စရိတ်အတွက် တစက်မှ မပူရ ။

စားချိန်တန်ရင် deliver က ရောက်လာသလို ၊ သောက်ချိန်တန်ရင်လည်း deliver က လာပို့တာပဲ ။

ခက်တာက အဲ့ Jeon Jungkook က
သူ့ကို ပိုက်ဆံတပြားမှ မပေးတာပဲ ။

''တစ်ပုလင်း.. နှစ်ပုလင်း.. သုံးပုလင်း''

ပို့သမျှ ဝိုင်ပုလင်းတွေကို စုထားပြီး ရောင်းစားပစ်ဖို့ Taehyung တစ်ယောက် တွက်ချက်နေခြင်းပင် ။

ရောင်းလို့ ရတဲ့အမြတ်ကို မြေကွက်တစ်ကွက် ဝယ်နိုင်အောင်အထိ ပွားပစ်မယ် ။

အဓိကက ဒီ Kim Taehyung ဆိုတဲ့ လက်ထဲကို ပိုက်ဆံသာ ရောက်ဖို့ပဲ ။

ိုင်ပုလင်းတွေ လာဝယ်မယ့် ဖောက်သည်ကို စောင့်နေတုန်း
တီဗွီမှ သတင်းအစီအစဥ်ကို Taehyung အပျင်းပြေ ကြည့်နေလိုက်သည်။

''J Group ရဲ့ ဥက္ကဋ္ဌကြီး မှာ မနေ့ညက အမောဖောက်ပြီး သေဆုံးသွားကြောင်း သိရှိရပါတယ်... အခုရှာဖွေနှုန်းမြင့်နေတာကတော့ J Group ကြီးတစ်ခုလုံးက ဘယ်သူ့လက်ထဲ ရောက်ရှိသွားမှာလည်း.... ပထမသားဖြစ်သူ Jeon Jungbin ဆီလား သမီးဖြစ်သူ Jeon Narbin ဆီလား ဒါမှမဟုတ် တရားမဝင်မြေးဖြစ်တဲ့ Jeon Jungkook ဆီကိုများလား စသဖြင့် အမျိုးမျိုး ဝေဖန်နေကြပါတယ်... အတော်များများကတော့ Jeon Jungkook ကို ပေးလိုက်ဖို့ မဖြစ်သင့်ကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်.. သို့ပေမဲ့လည်း J Group ကတော့ အခုထိ ဘာသတင်းကိုမှ တာဝန်ယူဖြေကြားခြင်း မရှိသေးပါဘူး''

Jeon Jungkook က တရားမဝင်မြေး?!

Taehyung အံ့သြနေပေမဲ့ ဒီအကြောင်းကို Social Media မှာ အရင်က ရှာမတွေ့ဖူးပါ ။

ဥက္ကဌကြီးဆုံးမှ သတင်းထွက်လာပုံအရဆို Jeon မိသားစုထဲက အတွင်းလူကပင် Jeon Jungkook ကို တမင်အကျပ်ရိုက်အောင် လုပ်ခြင်းဖြစ်မည်။

ဒါကြောင့် ဒီကောင်က သူ့ဆီကို ဤတလော နှင်းဆီစာချုပ်ကိစ္စ နားပူအောင် လာမပြောတော့တာပေါ့ ။

Hey Rose !Where stories live. Discover now