26

24.1K 2K 476
                                    

'' နီဆွေးဆွေးနှင်းဆီပေါ်
ခစားမိသည့် သူ့လျှာဖျားတွေ ..
မလောင်မြိုက်ရုံတမယ်
တဆက်တည်း..
မမူးမေ့ရုံတမယ်.. ''

___

'' Beep... Beep... ''

၆ နာရီအတိဆိုလျှင် အချိန်ကိုက် ထွက်လာသည့် Alarm မြည်သံ ။

ညည်းညူရင်းသာ Taehyung လှမ်းပိတ်ဖို့ လက်ရွယ်တော့ အဲ့ဒီစမ်းတဝါးဝါးဖြစ်နေသည့် သူ့လက်ဖျားတွေကို နှုတ်ခမ်းတစ်စုံက ဖိကပ်နမ်းကာ...

Alarm မြည်သံပါ တိကနဲရပ်သွားသည်။

'' အွန်း.. ''

နှုတ်ခမ်းနှင့်မဟုတ်ပဲ
လျှာနှင့်ပါ ပွတ်သပ်နေသည်မို့ Taehyung မှာ စိတ်မကြည် ။

'' အင်မ်း.. JJK.. မလုပ်စမ်းနဲ့.. ''

'' အဟွန်း.. နှင်းဆီက
သိပ်အပျင်းတစ်နေတာပဲ ''

အပြစ်ဆိုသလို လေသံမို့ မျက်လုံးကောင်းကောင်းမဖွင့်နိုင်သေးသည့်ကြားမှ Taehyung ဟာ လူးလိမ့်ရင်း မျက်မှောင်ကျုံ့သည်။

'' အွန်း.. အဲ့ဒီတော့..
ငါ့ကို သဘောမကျတော့ဘူးပေါ့ ''

'' ဘယ်လိုများမေးရက်ရတာလည်း ။
ဒီကောင်က နှင်းဆီကိုပဲ ကြည့်သလို ၊ နှင်းဆီကိုပဲ မြင်တာပါ.. ရင်ခုန်သံတောင် Hey Rose ဆိုတာကလွဲ တခြားသံစဥ်နဲ့ကို ခုန်လို့မရနေတာ ''

ပလီပလာတွေ သုံးနေမှန်းသိတော့ ခေါင်းအုံးပေါ် ပါးအပ်ထားရင်းကနေ Taehyung က နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။

'' အပို.. အပို.. ဒီကောင့်နှုတ်ခမ်းက ထွက်သမျှဟာ အပို ''

'' အင်း.. နှင်းဆီလေး ပြုံးသွားတာပဲ.. အပိုပြောရကျိုးက နပ်ပါတယ် ''

စကားနှင့် အပေးအယူတည့်နေတော့လည်း မနက်ခင်းလေး​က သာသာယာယာ။

'' မနက်စာ ဘာစားချင်လည်း ။
မီယောင်းနဲ့ ဒိုယောင်းကတော့
ကော်ဖီသောက်ချင်တယ်ဆိုတာနဲ့
ဖျော်ပေးထားလိုက်တာ ''

မီယောင်းနှင့်ဒိုယောင်းဆိုသည်နှင့် ငြိမ်သက်နေသည့်နှင်းဆီဟာ ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏ ။

'' သူတို့ကို မင်းမချုပ်ထားနဲ့တော့ ။
ဒီ့ထက်ပိုချုပ်ထားရင်.. ငါ..  ''

Hey Rose !Tempat cerita menjadi hidup. Temukan sekarang