''မွန်းဂျီဂူးလား သူက
ဘာကိစ္စ လာရတာလည်း ''စိတ်ညစ်ညူးစွာဆိုလိုက်ပြီး မျက်နှာကို မှုန်သုန်ထားမိသည် ။ Jeon Jungkook ကတော့ တံခါးပင် သွားဖွင့်ပေးနေပြီ။
''Jeon.. ငါ မနည်းစုံစမ်းပြီး ရောက်လာရတာ ။ ဒါက မင်းအိမ်- ''
''JJK ဧည့်သည်လာတာလား
အိပ်ခန်းထဲ ခေါ်ခဲ့လေ ''တမင်အော်လိုက်ခြင်း ဖြစ်သည်။
Jeon Jungkook ဟာ ပိုင်ရှင်မဲ့ပစ္စည်း မဟုတ်ဘူးဆိုတာ သိအောင် လုပ်ပေးရမည်လေ။အခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာသည့် Jeon Jungkook နှင့် မွန်းဂျီဂူး ။ ထင်ထားသည့်အတိုင်း အိပ်ရာပေါ်မှာ အပေါ်ပိုင်းဗလာနှင့် လှဲနေသည့် Taehyung ကိုမြင်တော့ မွန်းဂျီဂူး Shock အကြီးကြီးရသွား၏။
''Jeon မင်းနဲ့ C...CEO Kim က ''
Taehyung ချက်ချင်းပင် မျက်စပင့်ပြီး ခပ်မိုက်မိုက်ပြောလိုက်သည် ။
''ဟုတ်တယ် ငါတို့က
ဒီလိုဆက်ဆံရေးပဲ ''''ယောကျ်ားချင်း ကြီး ဖြစ်နိုင်လား ''
အမေးဇင်း ဖြစ်နေသည့် မွန်းဂျီဂူးကို လျစ်လျူရှုပြီး ဘေးနားက ရှပ်အနက်ကို Jeon Jungkook ဆီ လှမ်းပစ်ပေးလိုက်သည် ။
''တစ်နေ့လုံး မော်ဒယ်လို အပေါ်ပိုင်း ချွတ်ထားတော့မှာလား .. ဝတ်ထား ''
''အင်း ''
ဘာတစ်ခွန်းမှ ပြန်မပြောပဲ ရှပ်အနက်ကို ချက်ချင်းဝတ်ပြီး Taehyung နဖူးကို လက်ဖြင့် စမ်းသပ်သည် ။
''ဖယ်ဖယ် ငါသက်သာတယ် ''
CEO Kim က သူ့နဖူးကို လာစမ်းသည့် JJK ရဲ့ လက်ကို ရိုက်ချပြီး ခန္ဓာကိုယ်ကိုတောင် ဟိုဘက်လှည့်သွားသေးသည် ။
အံ့သြစရာကောင်းတာက Jeon Jungkook က စိတ်မတိုတဲ့အပြင် စောင်ပါဆွဲခြုံပေးလိုက်သေးတာ ။
အား.. ဒါ Jeon Jungkook အစစ်မဟုတ်ဘူး ။ သူငယ်ချင်းဖြစ်တဲ့ငါတောင် အဲ့လို နိုင်စားတဲ့အပြုအမူမျိုး မလုပ်ရဲဘူးလေ။
''မွန်းဂျီဂူး ငါတို့ နောက်နေ့မှ
သောက်ကြတာပေါ့ ''''မင်း ဘယ်တုန်းက
တွေ့ရာလူနဲ့ စအိပ်တာလည်း ''
VOCÊ ESTÁ LENDO
Hey Rose !
Fanficနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV