မျက်နှာကျက်အသစ်ကို ငေးကြည့်ရင်း နိုးထလာရသော မနက်ခင်းတစ်ခု။
နာရီပေါင်းများစွာ ဆိုင်ကယ်စီးပြီး ခရီးနှင်လာရတဲ့ ဒဏ်က သူ့ကိုအိပ်ယာထ နောက်ကျသွားစေသည် ။
အသင့်ပြင်ပေးထားတဲ့ သွားတိုက်တံအသစ်ကို သုံးပြီး ကိုယ်လက်သန့်စင်လိုက်သည် ။ ပြီးနောက် ဗီရိုထဲက ရှပ်အပွအနက်တစ်ထည်ကို ကောက်ယူပြီးစွပ်လိုက်သည်။
နဂိုကထဲက သူနှင့်နှင်းဆီရဲ့ Body size ကလည်း သိပ်လည်းကွာသည်မဟုတ်တော့ ဝတ်ရအဆင်ပြေ၏ ။
အခန်းထဲက ထွက်လိုက်ပြီး အိမ်တစ်ခုလုံးကို ဝေ့ဝိုက်ကြည့်ကာရှိသေး နှင်းဆီ၏ ညီဖြစ်သူနှင့် ဆုံသည် ။
Jungkook ကတော့ အသာလေးကျော်သွားဖို့ပြင်ပေမဲ့ ထိုကောင်လေးကတော့ တစ်ခုခုပြောချင်နေသည့်ပုံ ။
ခြေလှမ်းတွေကိုရပ်ပြီး ဘာလဲ ဟူသည့်မျက်စပစ်ပြလိုက်သည်။
'' ဟို အကိုကြီးဝတ်ထားတဲ့ နာရီလေး လက်ဆောင်မပေးချင်ဘူးလား ဟဲဟဲ''
'' ဒါလား ''
ဘက်ဘယ်လက်ကို
မြှောက်ပြလိုက်တော့ ခေါင်းကို
အဆက်မပြတ်ငြိမ့်ပြသည် ။'' ဟုတ်တယ် အဲ့ဒါ အဲ့ဒါ ''
'' အာ.. ပြောရရင် မပေးချင်ဘူး ။ ငါက နှင်းဆီကလွဲ ဘယ်သူ့မှကို အဖက်မလုပ်ချင်တာအမှန်ပဲ ။ ပြီးတော့ မင်းတို့စိတ်ဓာတ်တွေ ငါမကြိုက်ဘူး ''
ပြောပြီးချာခနဲလှည့်ထွက်ခဲ့ပေမဲ့ ဆွေ့ဆွေ့ခုန်ပြီး ကျန်နေခဲ့မည်ကိုတော့ မြင်ကြည့်လို့တောင်ရသည် ။
အိမ်တစ်ခုလုံးနှံ့အောင် ပတ်ပြီးသည့်နောက်မှာတော့ မီးဖိုချောင်ထဲမှာ သူ့အမေနှင့် အလုပ်ရှုပ်နေသော ဒီကောင့်အပိုင်ကို တွေ့သည်။
'' Taehyung အသီးကိုသေချာလှီးစမ်းပါ ။ ဒီကောင်လေးနှယ် မီးဖိုချောင်နဲ့ပတ်သတ်ရင် ဘာဆိုဘာမှကိုမလုပ်တတ်တာပဲ ''
ဆူပူတာက သာမန်ဆိုပေမဲ့ အပြင်မှာအသံတိတ်ရပ်ကြည့်နေသည့် လူကတော့ သဘောကျပုံမရ ။
ဒေါသထွက်လာရင် လုပ်နေကျအပြုအမူအတိုင်း နှုတ်ခမ်းကို လျှာဖြင့်သာ အထပ်ထပ်သပ်နေတော့တာ။
YOU ARE READING
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV