28

23K 1.8K 244
                                    

လက်ထဲကဖုန်းကိုပဲအကြိမ်ပေါင်းများစွာ သူငုံ့ကြည့်နေမိသည်။ မဖြစ်နိုင် ၊ ဂျက်ကော့က သူ့သွေးသားတဲ့လား ။

အဲ့ဒီကလေးကို ဖြစ်နိုင်ရင် သတ်ပါပစ်ချင်တဲ့အထိ မနာလိုဖြစ်ခဲ့တာက သားအဖချင်း သွေးက စကားပြောတာမျိုးတော့ ဟုတ်မနေပါဘူး ။

JJK.. ဒီကောင်.. ဘယ်အချိန်ကတည်းက သူ့ဘဝကို ဝင်မွှေနေခဲ့တာလည်း ။

'' နှင်းဆီ.. ဒီည မိသားစုပေါင်းစည်းပွဲလေး လုပ်လိုက်ရအောင်လား.. ဂျက်ကော့ကို ဒီကောင် ခေါ်ခဲ့လိုက်မယ် ''

ပို့ထားတဲ့ မက်ဆေ့ချ်က ဤမျှ ။ ခွင့်တောင်းတာထက် အသိပေးရုံပုံစံပဲ ။

J Group ရဲ့ ဥက္ကဋ္ဌက သူ့အတွက် ကြာလေ သတ်ချင်စရာကောင်းလေပါပဲ ။ ဉာဏ်နီဉာဏ်နက်များပြီး အမူအကျင့်က ပလီပလာနဲ့ နိုင်ထက်စီးနင်းလည်း လုပ်ချင်သေးသည်လေ ။

'' အဆိုပြုချက်လေး တချက်လောက်ပါ
CEO Kim .. ''

စားပွဲဝိုင်းထိပ်မှ ဘာသံမျှထွက်မလာ ။ Project ကို အဆိုတင်သွင်းနေသည့် ကောင်ငယ်လေးမှာ ပထမဆုံးအကြိမ်မို့ သူ့ Project အဆင်မပြေဘူးထင်ကာ သိမ်ငယ်စပြုနေပြီ။

'' CEO Kim ''

'' အဟမ်း.. CEO Kim ခင်ဗျ ''

ချောင်းဟန့်သံကြားမှ အသိပြန်ဝင်လာသည်။

'' အာ.. အဆိုကတင်သွင်းလို့ ပြီးသွားတာလား''

'' ခုနလေးကမှပါ.. CEO ဒီနေ့ နေသိပ်မကောင်းဘူးထင်တယ်.. အစည်းအဝေးထဲ အာရုံစိုက်နိုင်ပုံမရဘူး ''

ထောက်ပြပြောဆိုတာထက် ခနဲ့သလို ပုံစံဝင်သွားတော့ Taehyung ၏ ခါးတွေ ချက်ချင်းမတ်သွား၏ ။ ပြီးနောက် အဆိုတင်သွင်းနေသည့် ကောင်လေးဆီ အာရုံစူးစိုက်ပြီး ခပ်ပါးပါးပြုံးသည် ။

'' နေမကောင်းတာကို အကြောင်းပြပြီး နည်းနည်း ပရော်ဖက်ရှင်နယ်မဆန်သလို ဖြစ်သွားတယ် .. စိတ်မရှိရင်.. နောက်တစ်ခေါက်လောက် ပြောပြပေးလို့ရမလား ''

တည်ကြည်သည့် အသံအဆုံး စိတ်ပျံ့လွင့်နေသည့် ရှယ်ယာရှင်တွေအကုန် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည် ။ CEO Kim ရဲ့ ခြေထောက်စာ မမိခင် အာရုံစူးစိုက်ဖို့လိုပြီလေ။

Hey Rose !Where stories live. Discover now