32

21.3K 1.2K 338
                                    

" ဒေါက် .. ဒေါက် .. ဒေါက် "

လက်ထဲမှ ဘောပင်ကို စားပွဲနှင့်ခေါက်နေရင်းက ၊ ထိန်းချုပ်ထားသည့် ရှယ်ယာအတက်အကျဈေးနှုန်းကို ကွန်ပြူတာဆီ လှမ်းကြည့်ရင်း ၊ တဖက်မှ Haru San ၏ စကားကိုလည်း အသေအချာလေး သူ နားစိုက်ထောင်နေသည်။

" ဓာတ်ပုံပို့လိုက်တဲ့ Deliver ရဲ့ ဦးထုပ်က အနီ အညိုစပ်လား "

" ဟုတ်တယ် .. ရင်ဘတ်မှာ ပီဇာပုံစံ တံဆိပ်ပါတယ် .. ဒါမဲ့အရမ်းသေးလွန်းတယ် "

" နောက်ထပ်ထူးခြားတာရော "

" အာ.. အဲ့ပီဇာပုံတံဆိပ်ရဲ့အထဲမှာ ‌လက်နေတဲ့အရာတစ်ခုရှိတာလည်း မြင်လိုက်တယ် "

" ဝါး .. ဉာဏ်ကြီးရှင်ပဲ.. ပါဆယ်လာပို့တဲ့ တစ်မိနစ်လောက်အကြာလေးမှာ  အသေးစိတ်မှတ်မိနေတာပဲ "

Haru San  ချီးကျူးတော့
သူက ခပ်ပါးပါးပင် ပြုံးသည်။

" ××× ဆိုင်ရဲ့ အလုပ်သမားထဲကပဲ .. ရှာတွေ့သလောက်တော့ "

" ဆိုင်ပိုင်ရှင်ရယ် သူနဲ့နှီးနွယ်သမျှ နောက်ကြောင်းတွေအကုန် တချက်ကြည့်ပေး .. မန်‌နေဂျာ တာဝန်ခံ တစ်ယောက်မှ ကျန်လို့မရဘူး "

" အင်း မပြောလည်း ငါ ရှာနေပြီ "

လုပ်ကိုင်ရာတွင် သေသပ်ပြီး စိတ်ချင်းညီလွန်းသည့် သူတို့မောင်နှမကို တော်ရုံသွေးခွဲလို့မရ ။ သူတို့မောင်နှမက လူအုပ်ကြီးတရုန်းရုန်းနှင့် လူရှိန်အောင်ဖင်ယားတာမျိုး သိပ်မကြိုက် ၊ အသံတိတ် နဖူးတွေ့ဒူးတွေ့ သေသေကြေကြေ ယှဉ်ဖိုက်တာပဲ ကြိုက်၏။

" တာဝန်ခံက သိပ်မရိုးဘူး အရင်က ဒယ်ဂူရဲ့ အရက်ချက်စက်ရုံမှာ
တာဝန်ယူဖူးတယ်ဆိုပဲ .. ပြီးတော့
သူ့သမီးကလည်း ဂျွန်လုပ်ငန်းစုမှာ ရာထူးအမြင့်ပိုင်းတစ်ခုခုမှာပဲ ပြီး‌တော့ ဟေး.. J - Jeck နားထောင်နေရဲ့လား "

" ဟမ် "

" ဟ .. နားထောင်နေလားလို့ "

" ဆောရီး Haru San .. ရုတ်တရပ် နှင်းဆီဆီ စိတ်ရောက်သွားလို့ "

" ဟာ .. ဘာဖြစ်ပြန်လို့လဲ "

" စိတ်ဆိုးနေတာ သုံးရက်ရှိပြီ ..
အိမ်ပြန်မအိပ်ဘူး အိမ်ပြန်မစားဘူး ဖုန်းမကိုင်ဘူး "

Hey Rose !Donde viven las historias. Descúbrelo ahora