9

27.8K 2.2K 383
                                    

'' စောစောအိပ်လို့ စောစောထလို့
စောစောလမ်းလျှောက်ကြပါစို့ ''

---

တိတ်ဆိတ်နေသော လေထုမှာ အန္တရာယ်အပြည့်ဖြင့် ။

ထိုအန္တရာယ်ကို ဖြစ်တည်စေသည့်
လူကမူ နှုတ်ခမ်းကို
အနည်းငယ်တွန့်ချိုးရုံသာ ပြုံးပြီး ကော်ဖီအေးခွက်ကို ဘေးသို့ ရွေ့ကာ

ဥက္ကဠ Jeon အား လိုက်ထိကပ်နေသည့် Korea ရဲ့ Star မွန်းဂျီဂူးကို အားနှင့် ဆွဲခွာပစ်လိုက်သည် ။

'' အ့ ''

အားသုံးလိုက်၍ နာသွားသည့် လက်မောင်းကို မွန်းဂျီဂူးက သနားစဖွယ်လေး ပွတ်သပ်နေပြန်၏။

စိတ်ပျက်စရာ..!

'' Jeon.. CEO Kim က
သိပ်ကြမ်းတမ်းတာပဲ ''

အသံသေးသေးပိစိလေးနှင့်ပင်
တိုင်သေးသည် ။ Taehyung ကတော့ ဘယ်ခွေးမှ လူမထင်တာမို့ တိုင်ချက်ကြောင့် မော့ကြည့်လာသည့် Jeon Jungkook ကို အဲ့ဒီတော့ ဘာဖြစ်ချင်လည်း ဟူသည့်သဘောနှင့် ပြန်ပြီး မေးငေါ့ပြလိုက်၏ ။

သို့ပေမဲ့လည်း Taehyung ၏ အပြူအမူကို ရိပ်မိသည့် မွန်းဂျီဂူးမှာ ချက်ချင်းပင် မျက်နှာလေးကို ပိုပိုငယ်ပြပြီး..

''Jeon .. CEO Kim က အဲ့လောက်ကြောက်စရာကောင်းနေရင် အလုပ်မှာ အဆင်ပြေပါ့မလားပဲ ''

မပြေရင် အလုပ်တွဲမလုပ်နဲ့ပေါ့ ဟု ပြောပစ်ချင်သော်လည်း မွန်းဂျီဂူးက သူတို့ရဲ့ တက်သစ်စ ကုမ္ပဏီလေးအတွက် အများကြီး အကျိုးပြုမည်မှန်း တွေးမိတော့

မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို Taehyung ငြိမ်နေရပြန်သည်။

''ဟင်လို့ Jeon.. ''

''ကျစ် မွန်းဂျီဂူး မင်း ''

Jeon Jungkook က စိတ်ပျက်သလို စုတ်သပ်သည်။ Taehyung လည်း ချွဲပျစ်​နေသည့် အသံအား လုံးဝ ခံနိုင်ရည်မရှိတော့ ။

''Jeon Jungkook ငါတို့သွားစရာ ရှိသေးတယ်မလား ''

''ဒါပေါ့ ဟုတ်တာပေါ့ သွားကြမယ်လေ''

နှစ်ယောက်သား ခပ်မြန်မြန်ပင် ထရပ်တော့ မွန်းဂျီဂူးက Jeon Jungkook ရဲ့ လက်ကို ဆွဲထားပြန်သည်။

Hey Rose !Onde histórias criam vida. Descubra agora