တမင် နှင်ထုတ်သော်လည်း ပေတေကပ်တွယ်နေသည့် နတ်ဆိုး Jeon နှင့် အတူရှိနေရသော ဒုတိယနေ့ဖြစ်သည်။
ဤနေ့တွင်တော့ အရင်လို
'နှင်းဆီလေး' ဟူ၍ အတင်းကာရော ကပ်ချွဲမနေသည့်အတွက် နတ်ဆိုးJeon အလုပ်ကို စောစောသွားပြီဆိုတာ ခန့်မှန်းလို့တောင်ရသည်။သို့အတွက် ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲက ထွက်လာကာ Jeon နတ်ဆိုး၏ ပစ္စည်းတွေ တည်ရှိနေသည့် ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
ထင်သည့်အတိုင်း မနေ့က လွှင့်ပစ်ခဲ့သည့် ပစ္စည်းတိုင်းက သူ့နေရာနှင့်သူ နေရာတကျ ရှိနေခဲ့၏။ သူအိပ်နေတုန်း အဲ့ဒီ Jeon Jungkook တိတ်တိတ်ကလေး ပြန်သိမ်းထားပုံရသည်။
Taehyung ကတော့ မနေ့ကအတိုင်း ထူမခြားနားပင် Jeon Jungkook ရဲ့အပိုင် Boxing ထိုးသည့် လက်ဝှေ့အိတ်ကြီးက စပြီး ကြမ်းပြင်ပေါ် အားနှင့်လှဲချလိုက်သည်။
ပြီးနောက် သူ့ရဲ့ စာအုပ်တွေ ၊ ဖိနပ်တွေနှင့် အဝတ်ဗီရိုထဲက သိန်းသောင်းချီသည့် နာရီတွေကိုပါ မွစာကျဲပေးလိုက်သည်။
ပစ္စည်းတွေအကုန် ဖရိုဖရဲဖြစ်သွားပြီဆိုကာမှ အနွေးဓာတ်ပေးထားသည့် အုပ်ဆောင်းထဲမှ Jeon နတ်ဆိုးလုပ်ပေးသည့် ပဲခေါက်ဆွဲကို ယူကာ..
ပြောင်ပြောင်တင်းတင်းပင် Taehyung အဝကြည့်လိုက်သည် ။
အစားစားနေရင်း ဘာရယ်မဟုတ်
တီဗွီကို ဖွင့်ထားတတ်သည်က အကျင့်တစ်ခုမို့ လက်က ခလုတ်ကို ပြေးဖွင့်ပြီးသားဖြစ်နေသည်။Channel လိုင်းပြောင်းဖို့ TV control ကို ဟိုဟိုဒီဒီလိုက်ရှာနေတုန်း
အတော်လေးရင်းနှီးသည့်အသံကြောင့် ခေါင်းထောင်မိသွားသည်။'' ဥက္ကဠ Jeon ရဲ့ ဒီ သတင်းစာရှင်းလင်းပွဲကို ရည်ရွယ်ပြီးလုပ်ရတဲ့အကြောင်းလေးကို ပြောပြပေးလို့ရမလား ''
''အိုး.. ခဏနေရင်
လွှတ်တော်အမတ်ဂျွန် ရောက်လာမှာပါ ။ သူ လာရင်တန်းသိရမှာပေါ့ ''တစ်အိမ်ထဲ အတူရှိနေစဥ်က
Jeon နတ်ဆိုး၏ ချောမောမှုက Taehyung မျက်လုံးထဲ သိပ်မထင်သာခဲ့ပေမဲ့..အခုလို ဖန်သားပြင်ကတစ်ဆင့်မြင်ရတော့လည်း ဆံခြည်မျှင်သွေးကြောတစ်ခုကအစ ပစ်ရက်စရာ မရှိသည့် ယောကျ်ားတစ်ယောက်မှန်း Taehyung ကို ပိုတွေးမိစေသည်။

YOU ARE READING
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV