ဝါကျင့်ကျင့် မီးရောင်အောက်တွင် ကြိုးတုပ်လျက်သား အခြေအနေတစ်ခု။
ရင်ဘတ်မှတဆင့် ၊ လက်နှင့် ခြေထောက်တွေ ။ တစ်ခုမကျန်ကို တုတ်ချည်ခံထားရခြင်း ။
'' အင့် ''
လှုပ်ရှားလိုက်ရင်ကို ကြိုးဆွဲအားကြောင့် ခံစားရခတ်နေသည့် သူ့ရင်ဘတ်မှအဖုနှစ်ခုက ခါတိုင်းထက်ကို ထိလွယ်ရှလွယ်နေခဲ့၏။
အိမ်ကြီးရှင်သခင်နဲ့ သူခိုးတဲ့လား ။ သူခိုင်းတိုင်း သရုပ်ဆောင်မုဒ်သွင်းရအောင် ပြဇာတ်တိုက်နေတာလည်းမဟုတ်။
မာနကြောင့် မငြင်းဆန်နိုင်တော့ ဤအခြေအနေကနေ ကိုယ်လွတ်ရုန်းဖို့ တွေးနေသည့် CEO Kim က ဒီကောင့်ကို ပုန်ကန်တော့မည့်ဟန်နှင့် ။
သို့အတွက် ကြိုးတွေကို ဖြတ်ပစ်ဖို့ ကွဲကျသွားသည့် ပန်းအိုးမှ အပိုင်းအစတစ်ခုကို ခက်ခက်ခဲခဲ လက်လှမ်းယူနေတုန်း...
'' နှင်းဆီ ''
ရပ်တန့်စေသည့် တက်တူးနှင့်လက်တစ်ဖက်။
'' ရုန်းမယ်ပေါ့.. ဟမ် ''
မေးပုံက အေးစက်စက်နိုင်လွန်းတော့ Taehyung စိတ်ထဲ ပိုတင်းလာသည်။ ကြည့်ပါ့လား ၊ သူလိုချင်တာ မရရင် အဲ့ဒီအချိုးက ။
'' ဘာဖြစ်လည်း ရုန်းတော့..
မွန်းဂျီဂူးလို ငိုယိုပြီး ကူပါကယ်ပါ
ဟစ်နေရမှာလား '''' ဒါပေါ့.. တစ်မိုးအောက် Kim Taehyung က မာနကိုဘေးချိတ်ပြီး အောက်ကျို့မယ်တော့ မထင်ပါဘူး ''
'' ငါ့အကြောင်း ဒီလောက်သိနေတာပဲ.. ဘာကိစ္စ မေးနေသေးလဲ ''
ထေ့ငေါ့တော့ ခုန သူယူဖို့ ကြိုးစားခဲ့သည့် ဖန်ကွဲစကို ဘေးဘက်သို့ကန်ပစ်ပြီး ဒီကောင်က ခပ်ပါးပါးပြုံးသည်။
'' သိလွန်းလို့ ခက်နေတာပေါ့.. မိုးထိနေတဲ့ အဲ့ဒီမာနကိုပဲ ဒီကောင်က ကြိုက်တာ ခိုက်တာ စွဲတာ''
ဥက္ကဠမလုပ်ပဲ ကဗျာဆရာလုပ်စားဖို့ကောင်း၏ ။ စကားလုံးတွေကအစ မြင်ပြင်းကပ်စရာပင်။
'' ဒီကိုကြည့် ''
ဘယ်ကတည်း ပါလာမှန်းမသိသည့် နားဆွဲတစ်ခုကို Taehyung နားဆီ
လျင်မြန်စွာပန်ပေးသည်က ကျွမ်းကျွမ်းကျင်ကျင်။

CZYTASZ
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV