20

23.9K 2.2K 343
                                    

''JJK မင်းငါ့ကို လိမ်တယ်''

အော်ပစ်လိုက်တာ
စကားလေးတစ်ခွန်းတည်း ။ ဒါပေမဲ့ အဲ့ဒီတစ်ခွန်းထဲကြောင့် အကွာအဝေးတွေ ခြားကုန်တာ သက်ဆိုင်သူနှစ်ဦးသားလျှင် သိနိုင်ပါသည်။

'' နှင်းဆီ.. ဒါက ''

'' ခွပ် ''

အားအပြည့်နှင့်ကို မေးရိုးကနေ
ထိုးချပစ်လိုက်ခြင်းဖြစ်သည် ။

မထင်မှတ်ပဲ အခြေအနေက သောင်းဗြောင်းဖြစ်လာတော့ ဆံပင်အဝါနှင့်တစ်ယောက်က လှည့်ထွက်ဖို့ပြင်ရာ Taehyung ချက်ချင်းပင် အမိအရဆွဲထားလိုက်သည်။

''မသွားနဲ့.. သွားခွင့်မပြုဘူး ။ အတည်ပြုဖို့ မင်းဒီအခန်းထဲမှာ
ရှိရမယ် ''

ထိုးခံရသည့်ဒဏ်ကြောင့် ထွက်လာသည့် နှာခေါင်းသွေးကို ဖိသုတ်နေရင်း Jungkook နားမလည်နိုင်ခဲ့ ။

'' နှင်းဆီ..ဘာကို အတည်ပြုမှာလည်း''

'' မင်း ပါးစပ်ကနေ အဲ့နှင်းဆီဆိုတဲ့နာမ်စား ထပ်ထွက်ရဲထွက်လာကြည့် သေအောင်သတ်ပစ်မှာ မင်းကို ''

ဆွံ့အသွားရုံမှတပါး တခြားမရှိခဲ့ ။ ပြန်တွေးကြည့်ရင် သူ နှင်းဆီမကြိုက်တာတွေ ဘာမှမလုပ်ခဲ့ ၊ ဘာဆိုဘာမှကို မလုပ်ခဲ့ ။

'' ပြောတော့ ကလေး မရှိဘူးဆို ။ ငါအတန်တန်မေးနေတာကို မင်းသောက်ပါးစပ်ကနေ ဒီကောင့်မှာ ကလေးမရှိပါဘူးဆို ။ အခုကျ ဟော့ဒီကုတင်ပေါ်က ကလေးက ဘာလည်း.. ဘာလည်းလို့ ''

'' နှင်းဆီ အဲ့ဒါ - ''

''ရား..  ဟေ့ကောင် ငါ့ကို
အဲ့လိုမခေါ်နဲ့လို့ ပြောထားတယ်လေ ''

မာန်လိုက်တော့ ကူကယ်ရာမဲ့သလို ငြိမ်သွားသည် ။ နှာခေါင်းသွေးကို ဖြစ်သလို သုတ်ထားလို့ သနားစရာရုပ်ပေါက်နေတာတောင် ကြည့်ကောင်းနေတုန်း ။

ချီး.. သွားသေလိုက်ပါလား ။
ဒီရုပ်ရည်ကြောင့် ငါပျော်ဝင်ခဲ့တာပဲလေ.. ။

'' အမှန်က ကလေးက - ''

'' မင်းရဲ့သား ဟုတ်လား ၊ မဟုတ်လား တစ်ခွန်းထဲပဲပြော ''

ထိုအခါ လေးတွဲ့စွာ ခေါင်းကိုငြိမ့်ပြသည်။

'' ဟုတ်တယ်..
နာမည်က ဂျက်ကော့ ''

Hey Rose !Where stories live. Discover now