12

26.3K 2.2K 196
                                    

'' နှင်းဆီလေးကို စနောက်မည် ''

===

Haru San ဆိုသည့် မိန်းမ၏ ပါးစပ်မှ နှင်းဆီလေးဟူသည့် အသုံးအနှုန်း ထွက်ကျလာသည်ကို Taehyung သဘောမတွေ့ ။

သို့အတွက် Jeon Jungkook ကို
လှမ်းကြည့်တော့ ချက်ချင်းဖြေရှင်းပြလာသည်။

''Haru San က အမထက် အမေလိုမျိုးပဲ ။ နှင်းဆီရဲ့ အကြောင်းလည်း
သူ့ကို ပေးသိထားတာ ''

'' အာ ''

ဒီလို စိမ်းသက်သည့်နေရာတွင် Taehyung နေရခတ်လာသည် ။ အထွေအထူးကိစ္စမရှိလျှင်
သူ ပြန်ချင်ပြီ ဖြစ်သည် ။

'' J - Jeck မင်း သူနဲ့ အိပ်ပြီးပြီလား ''

ဘီယာကို တစ်ငုံမော့ပြီး ဆေးလိပ်ကို မီးညှိရင်းက မေးနေခြင်းဖြစ်သည် ။

Taehyung အံ့သြနေရသည် ။
ဒီလိုမျိုး ဘဲကြီးတစ်ယောက်လိုမျိုး သောက်ရမ်းအထာကျတဲ့ မိန်းမမျိုး ရှိသေးတယ်လား ။

'' အိပ်ပြီးပြီ Haru San ''

'' ဘယ်သူက အပေါ်လည်း ''

Taehyung အနည်းငယ် ရှက်သွားရသည်။ ငါ Kim Taehyung က
ဒီကောင်နဲ့မှ အောက်ဆင်းရတာလို့ မပြောချင် ။

ကမ္ဘာသေးသေးလေး ပျက်နေသည့်
သူ့နှင်းဆီကို ကြည့်ပြီး
Jeon Jungkook ဟာ ချစ်ရိပ်တက်နေသလို ခပ်ပါးပါး ရီသည် ။

'' နှင်း​ဆီက အပေါ်ကပါ Haru San ။
ဒီကောင်က အဟင်း.. သေချာပေါက် အောက်ပေါ့ ''

သူဖြစ်စေချင်သလိုလေး ပြောပေးတော့ နှင်းဆီရဲ့ မျက်လုံးလေးတွေက တဖျက်ဖျက်လက်လာသည် ။

Jeon Jungkook ကျေနပ်သည်။
သူ တွေ့ချင်တာကလည်း ဒီလို
မျက်လုံးလေးတွေပါပဲ ။

'' အိုး.. J - Jeck က အောက်? ''

အထာနပ်နေသည့် Haru San က ဆေးလိပ်ကို ရှိုက်ဖွာပြီး မထီသလိုသာ ပြုံးသည် ။ J - Jeck က အတော်လေးကို ပျော်ဝင်နေတော့တာပဲ ။

'' စီးကရက် တစ်လိပ်ယူမယ်
Haru San ''

ခွင့်တောင်းပြီး ဘူးထဲက ချက်ချင်းထုတ်ယူကာ ပါးစပ်မှာ တေ့ကာရှိသေး

ရှည်သွယ်သည့် လက်ချောင်းတွေက မီးခြစ်ကို ယူကာ ချက်ချင်းမီးညှိပေးသည်။

Hey Rose !Où les histoires vivent. Découvrez maintenant