13

24.1K 2.1K 342
                                    

''လွှတ်တော်အမတ် ဂျွန်ဂူအင်း၏ သံသယရှိဖွယ် မတော်တဆဖြစ်ရပ် ''

'' လွှတ်တော်အမတ် ဂျွန်ဂူအင်းသည် ယနေ့ဖြစ်ခဲ့သည့် Car Accident အား အကောက်ကြံလိုသူ လူတစ်စု၏ လက်ချက်လို့ဖြေကြား ''

''လွှတ်တော်အမတ်ဂျွန်ဂူအင်း၏
အမှုနိုင်သွားသည့်အတွက် Jeon လုပ်ငန်းစု၏ ဥက္ကဠဆီမှ ပိုင်ဆိုင်မှုတဝက် ခွဲယူလို့ရသွားသည့်အကြောင်း ''

မနက်မိုးလင်းကတည်းက အဆက်မပြတ်ထွက်နေသည့် သတင်းက သူ့ကို စိတ်ညစ်ညူးစေသည်။

ပိုပြီး စိတ်ညစ်ညူးစေတာကတော့ သူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်သွားသည့် အလုပ်သရဲလေး
နှင်းဆီကြောင့်ပင်။

'' JJK မင်းကားမပါဘူးမှတ်လား ။ အလုပ်သွားမယ်ဆိုရင်
မင်းအတွင်းရေးမှူးကို ခေါ်ခိုင်းလိုက်
ဟုတ်ပလား ''

နှင်းဆီရဲ့ အပြောကို Jeon Jungkook က ခေါင်းလည်းမငြိမ့် ၊ ခေါင်းလည်းမခါပဲ ဘာမှကိုပြန်မပြောပေ ။

ခေါင်းလိမ်းဆီနှင့် ဆံပင်ကို သပ်ပြီး ရေမွှေးအနည်းငယ် စွတ်ကာ သွားဖို့ ပြင်နေသည့် နှင်းဆီကို ကြည့်ပြီးသာ အားမလိုအားမရ ဖြစ်လာရသည်။

ဘာလို့လည်း? ဘာလို့ အိပ်ရာပေါ်တောင် ခွေမနေပဲ အားတွေက
ကျန်နေရတာလည်း?
ညက နှစ်ကြိမ်ပဲ လုပ်မိလို့လား ?

အတွေးတချို့နက်နဲနေသည့်
ကုတင်ပေါ်မှ လူကို Taehyung
အလိုမကျစွာ ကြည့်လိုက်သည်။

'' သိပ်မတွေးမနေနဲ့ ကိုယ့်လူ ။
ဒီနေ့ meeting ကြောင့်သာ
ကုန်းရုန်းထရတာ ။ တင်ပါးက
ကိုယ့်လူ f**k ထားတဲ့ ဒဏ်က အဆင်ပြေသေးတာ မဟုတ်ဘူး ''

ထိုအခါ Jeon Jungkook က
တွေဝေစွာ ပြောသည်။

'' အဲ့ကုမ္ပဏီကို မီးရှို့ပစ်ရမလား ''

''ဟေး .. ကဲပိုမလာစမ်းနဲ့ ။
ညနေကျ တွေ့ရမှာပဲကို ''

'' စိတ်ထဲမှာ တစ်ခုခုကြောင့်
ကျေနပ်မနေဘူး ။ ပြော နှင်းဆီ ဘယ်လိုတာဝန်ယူမလည်း ''

Taehyung ရီချင်သွားသည်။

''ဘာမှမလုပ်ထားပါပဲ
ဘယ်လိုတာဝန်ယူရမလည်း ''

Hey Rose !Where stories live. Discover now