18

25K 2.3K 499
                                    

''စိတ်ဆိုးနေသော နှင်းဆီလေးအား ချော့မော့ခြင်း ''

---

ရက်သတ္တပတ်တွေ ကုန်ဆုံးလာသည်နှင့် တိုးပွားလာသည့် သံသယစိတ်တွေကလည်း အလုံးအရင်း ။

နှစ်ပတ်လောက်အနားနေခိုင်းပြီးသည့်နောက်တွင်တော့ Jungkook ဟာ အရင်လို အမေရိကအား သောကြာနေ့တိုင်း သွားမြဲပင် ။

အနောက်မှလူလွှတ်ပြီး စုံစမ်းခိုင်းသည့်အခါတွင်လည်း မျက်ခြေပျက်သွားသည်ကချည်း များနေသည်။

J Group တစ်ခုလုံးကို စီမံနိုင်နေတာလည်း မပြောနဲ့ ဤအသေးအဖွဲကိစ္စလေးကိုပင် Jeon Jungkook က ပိပိရိရိနိုင်လွန်းနေခဲ့၏ ။

'' နှင်းဆီလေးရာ.. သိပ်ပင်ပန်းတာပဲ ''

ခရီးဝေးသုံးရက်လောက် သွားပြီးရင် Jeon Jungkook ဟာ နွမ်းနယ်နေသည့်လူလို အမြဲ အလဲလဲအပြိုပြို။

အခုလည်း အမေရိကမှ ပြန်ရောက်ရောက်ချင်း Taehyung အား သိမ်းကြုံးဖက်ပြီး လည်ဂုတ်တဝိုက်ကို နှာဖျားဖြင့် ဖိကပ်ထားပြန်၏။

'' တကယ် ပင်ပန်းတယ်..''

ခန္ဓာကိုယ်ကြီးမှလည်း အားမနာတတ်၊ မူယာမာယာပိုကာ ချွဲတတ်လွန်းသေး၏။

''မင်းဗလကြီးကို ထမ်းထားရတဲ့
ငါကသာ ပိုပင်ပန်းတာပါနော် ။
ဖယ်ပါ JJK ရာ .. အလုပ်တွေက ရှုပ်နေတာပါဆိုမှကွာ''

အတင်းကပ်တွယ်နေသည့် ခေါင်းကို စိတ်မရှည်သည့်ဟန်ဖြင့် ဘေးကိုဖယ်ပစ်တော့ သူ့ခါးကိုဖက်ထားသည့် လက်တွေက ပိုပြီးတော့ပင်မြဲမြံလာသည်။

''ဟေး.. JJK
ငါ စာရင်းတွက်မရပါဘူးဆိုနေ ''

လေသံတွေပါ မာလာတော့ Jungkook ရဲ့ ခေါင်းက Taehyung ၏ ပုခုံးထက်သို့ ရောက်လာပြီး မေးပါ ပြောင်းတင်လိုက်ကာ..

အနိုင်ကျင့်ခံရသည့်အသံလေးဖြင့်..

'' နှင်းဆီက ဒီကောင့်ကို ငြိုငြင်တယ်''

'' ဟမ်.. ''

'' ဒီရက်ပိုင်း ငြိုငြင်နေတာ...
စကားတောင်သိပ်မပြောဘူး ''

ဟုတ်လည်းဟုတ်သည် ။ သူ အမေရိက ကနေပြန်လာလျှင်ကို Taehyung စိတ်ထဲမသန့်နေခဲ့ ။ သူ့မိန်းမကို  အဲ့ဒီလက်တွေနဲ့ အဲ့သလိုပွေ့ဖက်ခဲ့တယ်ပဲ ထင်ခဲ့တာမို့ မနှစ်မြို့နိုင်ခဲ့ ။

Hey Rose !Where stories live. Discover now