23

19.9K 2.2K 480
                                    

'' ငြိတွယ်မှု၏ အစ ''

___

အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးသည် လူသူရှင်းသည့်လမ်းကြားတစ်ခုနားသို့ ထိုးရပ်သွားပြီးနောက်..

အနောက်မှကားတံခါးမှာ အလိုအလျောက်ပွင့်သွားသည် ။

'' ဆင်းစမ်း ဟေ့ကောင် ''

ကားထဲမှ ကလေးမှာ
တစ်ကိုယ်လုံးတဆက်ဆက်
တုန်နေပြီး ခေါင်းကိုခါရမ်းပြသည်။

'' မဆင်းဘူးလား ။ လာစမ်း
တရွတ်တိုက်ဆွဲချပစ်မယ် ''

ထိုလူကြီး၏ ကြမ်းတမ်းသည့်အပြော​ကြောင့် တရွတ်တိုက်ဆွဲချမခံချင်သည့် ကလေးမှာ အရှေ့သို့ ဟက်ထိုးလဲမတတ် ကားပေါ်မှ ပြေးဆင်းသည်။

ပြီးနောက် ကားမောင်းသူနေရာတွင် ရှိနေသည့် လူကြီး၏ ခြေထောက်အား လက်အသေးလေးတွေနှင့် ဆွဲဖက်ပြီး..

'' ဦးလေး မထားခဲ့ပါနဲ့နော် .. ကျွန်တော် အိမ်မပြန်တတ်ဘူး ''

'' ဟ အိမ်ပြန်လာလို့မရအောင် တွေ့ကရနေရာမှာ ပစ်ချခဲ့ပါတယ်ဆိုနေ ''

'' မလုပ်ပါနဲ့ ''

မျက်ရည်ဝိုင်းနေသည့်
အကြည့်လေးဖြင့် အသနားခံတော့ ..

ထိုလူကြီးက က​လေး ဖက်တွယ်ထားသည့်  သူ့ညာခြေထောက်ဖြင့် ကလေး၏မျက်နှာကို ဖြတ်ကန်သည်။

'' အ့ ''

'' ဒီတရားမဝင်ကောင်ကတော့ ဘယ်လိုသတ္တိနဲ့ Jeon မိသားစုထဲ
ဝင်ရဲတာလည်း ''

ထိုလူကြီးက အနည်းငယ်ကျိန်ဆဲဆိုပြီး ကားတံခါးကို စောင့်ပိတ်ကာ တစ်ရှိန်ထိုး မောင်းထွက်သွားသည်။

သို့ပေမဲ့လည်း သူ အဲ့ဒီကတည်းက ဤကလေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ရင် နောင်တစ်ချိန်မှာသူ့ရဲ့ အမတ်လောင်းဖြစ်မည့်အခွင့်အရေးလည်း ဆုံးရှုံးခဲ့မည်မဟုတ်ခဲ့။

ကျန်နေခဲ့သည့် ကလေးမှာတော့ ရှင်းလင်းနေသည့်လမ်းကို ကြည့်ပြီး ပါးပေါ်မှ သူ့မျက်ရည်တွေကို သုတ်လိုက်သည်။

ပြီးနောက် ခြေဦးတည့်ရာကို မဝံ့မရဲစွာဖြင့် ခြေလမ်းတစ်ခုစလှမ်းလိုက်သည်။

Hey Rose !Where stories live. Discover now