21

20.9K 2.2K 277
                                    

'' Hi ယောက္ခမကြီး ''

=====

'' CEO Kim  ဖုန်းလာနေပါတယ်''

ဖုန်းကို မြှောက်ပြပြီး မန်နေဂျာအီက အသိပေးသည် ။ ထိုအခါ ကော်ဖီအေးကို ဟန်မပျက်မော့နေရင်းကနေ Taehyung က မျက်လုံးတချက်သာ လှန်ကြည့်ပြီး..

'' ချပစ်လိုက် ။
ပြီးရင် တစ်ခါထဲ Block လိုက် ''

'' ဒါက CEO ကိုယ်တိုင် ''

'' ကိုယ်တိုင် မလုပ်ချင်လို့လေ ''

'' ဟုတ်ကဲ့ပါ ''

Online ကနေ အရေးပေါ်အစည်းအဝေး ချက်ချင်းခေါ်လိုက်ပြီး သူခရီးထွက်မယ့် ဆယ်ရက်အတွင်း စီမံရမယ့်ကိစ္စတွေကို ရှယ်ယာရှင်နှင့် အကြီးအကဲတစ်ချို့ကို ရှင်းလင်းအသိပေးလိုက်သည် ။

Jeon Jungkook နဲ့ ကိစ္စဖြစ်ပြီးကတည်းက လူကပြိုလဲချင်နေတာ သိသိသာသာ။

ရှောင်ထွက်ချင်ပေးမယ့် သူက
ကုမ္ပဏီရဲ့ CEO ၊ ဘယ်အရာကိုမှ လက်လွတ်စပယ်လုပ်ပစ်လို့လည်း မဖြစ်ပြန် ။

Taehyung ၏ ရုံးဖုန်း ၊ လက်ကိုင်ဖုန်းနှင့် အလုပ်ကိစ္စတွင်သုံးသည့် ဖုန်းတွေကိုပါ Jeon Jungkook က တလှည့်စီ ဆက်သွယ်နေသည် ။

အကြိမ်ကြိမ် Block လည်း ဖုန်းနံပါတ်အသစ်တွေနှင့် အကြိမ်ကြိမ်ထပ်ခေါ်သည် ။

အခုအချိန်မှာ မျက်နှာချင်းဆိုင် ဖြေရှင်းဖို့ Taehyung မှာ အင်အားလုံးဝမရှိခဲ့ ။ သူ့သားကို ထိတာနှင့်တင်ကို အော်ဟစ်ပစ်တဲ့အထိ ပြင်းထန်လွန်းနေသည့်ဟာကို မိန်းမကိုသာ ထိရင် Taehyung ကို သတ်ပစ်မည်မှာ အသေအချာ ။

မတွေးချင်ပေမဲ့ ဦးနှောက်ရဲ့ရှုထောင့်ပေါင်းစုံက ထွက်လာသည့် အဖြေမှာ ရှင်းရှင်းလေး ..'' ရှောင်ပြေး '' တဲ့ ။

အစွဲအလန်းကြီးပုံနှင့် မိန်းမနှင့်သားကိုလည်း လက်မလွှတ် ၊ သူ့ကိုလည်း လက်မလွှတ်နှင့်ဆို... ဟား..
အတွေးနှင့်ပင် အော်ဂလီဆန်စရာကောင်းလွန်းသည် ။ အငယ်အနှောင်းနှင့်ပင် ဆင်နေသည်လေ ။

'' မန်နေဂျာအီမှာ ပိုက်ဆံဘယ်လောက်လောက်ရှိလည်း ''

'' ဗျာ ''

'' အာ.. ဒီအတိုင်း ငွေရေးကြေးရေးသိပ်အဆင်မပြေနေတာနဲ့ ''

'' ဟုတ်.. ဟုတ်ကဲ့ စုမိဆောင်းမိတာလေးတွေတော့ ရှိပါတယ် ''

Hey Rose !Where stories live. Discover now