17

20.8K 2K 218
                                    

''ဥက္ကဋ္ဌ ခင်ဗျ အစည်းအဝေးမှာ
လူစုံနေပါပြီ ''

'' ဂျာမနီက ဒါရိုက်တာ ဘရိုင်ယန်နဲ့ ရေချယ်လည်း ရောက်နေပါပြီ ''

'' အဲ့ဒါအပြင် ဆွစ်ဇာလန်ရုံးခွဲက
အမှုစစ် - ''

ဘန်း!

စားပွဲကိုလက်နှင့် အားပြင်းပြင်း
ရိုက်ချလိုက်ခြင်းဖြစ်သည်။

နှုတ်တိုက်ရေရွတ်နေသည့် အတွင်းရေးမှူးကတော့ ဆက်ခနဲတုန်သွားလေ၏။

ဥက္ကဌ စိတ်တိုအောင် သူ သေချာပေါက်ကို အမှားလုပ်မိသွားပြီ။

''အာ.. ထပ်ပြီး ဖုန်းမကိုင်ပြန်ဘူးပဲ''

ဥက္ကဠ Jeon က အမှားလုပ်သည့် သူ့ကိုဒေါသမထွက်သေးပဲ ဖုန်းဆီသာ အာရုံရောက်နေပုံရ၏။

သို့ပေမဲ့ အတွင်းရေးမှူးမှာ
အသက်ပင်ရဲရဲမရှူရဲခဲ့ ။

ခေါင်းမာလွန်းသည့် ဥက္ကဠ Jeon က မနက်ကတည်းက ကိုင်သူမဲ့နေသည့် အဲ့ဒီဖုန်းကို ထပ်ခေါ်ပြန်သည် ။

ရှေ့အကြိမ်တွေတုန်းကလို
တတီတီနှင့် ဝင်သွားသော်လည်း တစ်ဖက်မှ မကိုင်ခဲ့ပြန် ။

''ဟား.. ထပ်ပြီး ငါ့ဖုန်းကို ''

ဥက္ကဠဟာ ပါးစောင်ကို လျှာဖြင့်ထိုးပြီး
နက်ခ်ကတိုင်ကို အထာကျကျ ဖြေလျော့လိုက်၏ ။

ပြီးလျှင် ကိုင်သူမဲ့ဖုန်းကို အတွင်းရေးမှူးဘက်ကို ထိုးပြကာ..

''တွေ့လား သူ ငါ့ဖုန်းကို မကိုင်ပြန်ဘူး။ အဲ့ဒါကြောင့် အဲ့လိုတွေကြောင့် ငါက အစည်းအဝေးကို စိတ်ဖြောင့်ဖြောင့်နဲ့ မလုပ်နိုင်သေးဘူးလို့ ပြောနေတာကို မင်းက အလိုက်ကန်းဆိုး တစက်မှမသိပဲ ''

ရင်ဘတ်ဆီ ဖုန်းဖြင့် ပစ်ပေါက်ပြီး အတွင်းရေးမှူးအား စိတ်ရှိသလို စရိုက်ပါတော့သည် ။

'' ငါ့ Laptop ကိုလည်း ယူဖို့မေ့နေခဲ့တော့ နှင်းဆီ ဘာလုပ်နေလည်းဆိုတာကို CCTV ကနေ ကြည့်မရတော့ဘူးလေ .. ''

'' ဥက္ကဠ ကျွန်တော် မှားသွားပါတယ် ။ ဥက္ကဠ တောင်းပန်ပါတယ် တော်ပါတော့ ''

ထိုငရဲလို ရိုက်နှက်မှုအား ရပ်တန့်စေသည်က ခုန ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည့် ဖုန်းဆီမှ အဝင်call တစ်ခု။

Hey Rose !Where stories live. Discover now