အရိုင်းဆန်သည့် ညတစ်ခု၏ အလယ်၌ ဖြတ်ခနဲပွင့်လာသည့် မျက်ဝန်းတစ်စုံ။
ခါးကိုဖက်တွယ်ထားသည့် လက်အားတွန်းဖယ်ပစ်တော့ ဘေးရှိ အိပ်မောကျနေသည့် ပုရိသက လှုပ်ရှားမှုတစ်စုံတစ်ရာပင် မရှိခဲ့။
Taehyung စိတ်အေးသွားရသည်။ Jeon Jungkook က ယခင်ကတည်းက ပြင်းပြင်းထန်ထန် sex လုပ်ပြီးချိန်ဆို အမြဲတမ်းနှစ်ခြိုက်စွာ အိပ်မောကျတတ်စမြဲ ။
သို့အတွက် အသက်ကိုအောင့်ပြီး စားပွဲပေါ်မှ JJK ရဲ့ ဖုန်းကို အသံတစက်မှမထွက်အောင် Taehyung အသာလေး လှမ်းယူလိုက်သည်။
Password က.. ?
ထင်မိသမျှ ရိုက်ထည့်ကြည့်လိုက်သည်။ နှစ်ဦးလုံးရဲ့မွေးနေ့ ၊ အထင်ကရဖြစ်ခဲ့သည့် နှင်းဆီစာချုပ်ချုပ်တဲ့နေ့ ၊ first time sex စသဖြင့် ရက်အဖြာဖြာကို ရိုက်ကြည့်တော့လည်း ဟုတ်မနေ။
စဥ်းစားရကျပ်သွားသည် ။ Taehyung က အရင်ကတည်းက JJK နှင့်ပတ်သတ်လျှင် သိတာတွေက ခပ်နည်းနည်း ။
'' အင်မ်း.. နှင်း..ဆီ.. ''
ယောင်ယမ်းသည့် အသံနှင့်အတူ အနည်းငယ် လှစ်ဟာနေသည့် Taehyung နှင့်သူ့ကြားက အကွာအဝေးကို လက်ဖြင့် ရမ်းသမ်းစမ်းနေသည်။
'' နှင်း..ဆီ..ကွာ.. ''
မျက်မှောင်တွေပါ တွန့်ချိုးကုန်တာမို့ထိုနေရာကွက်လပ်လေးနားသို့ Taehyung မှာ အလျင်အမြန်ပင်တိုးကပ်လိုက်ရသည်။
'' အင်မ်း.. ''
ပွေ့ဖက်ထားသည့် ခါးလေးကို စမ်းမိကာမှ အသက်ရှုနှုန်းတွေမှန်သွားပြီး ထပ်ပြီးအိပ်ပျော်သွားပုံရ၏ ။
သက်ပြင်းသာ ခိုးချမိသည်။
JJK ရဲ့ အမေရိကက ဆိုင်သူအကြောင်း စုံစမ်းဖို့ ဒီလိုအခြေအနေမျိုးရအောင် Taehyung မှာ xင်နှင့်ပင် ရင်းခဲ့ရတာ မဟုတ်လား ။
ချီး.. Password..
ရိုက်ထည့်သမျှ မမှန်ဘူးဆိုတော့ ချွေးစေးတွေပင် ပြန်လာရသည့်အဖြစ်။
နောက်ဆုံးကြံရာမရသည့်အဆုံး ဘဝ၏ စိတ်အပျက်ဆုံး နေ့တစ်နေ့ ၊ Taehyung အထက်တန်းအောင်စာမေးပွဲ ကျခဲ့သည့်နေ့ကို ရိုက်ထည့်ပစ်လိုက်သည် ။

YOU ARE READING
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV