" ဒါဆို ကိုယ်တို့ ဒီညပဲ
နှင်းဆီတစ်ပွင့် စစုတော့မလား ''======
တစ်နေ့လုံးက ဖိအားတွေကို လျှော့ချပစ်ဖို့ သွားနေကျ အချစ်ဟိုတယ်ဆီသို့ Taehyung ထွက်လာခဲ့လိုက်သည်။
'' CEO Kim .. ရောက်လာပြီလား..
အရင်အတိုင်းပဲလား ''''ဘယ်မလည်း သူတို့က''
Taehyung မျက်စပင့်ပြတော့ ကောင်တာက လူက နီရဲရဲမီးရောင်တွေ ဟပ်နေသည့် အခန်းကို လက်ညိုးထိုးပြသည်။
''CEO ကြိုက်လောက်မယ့် ပုံစံလေးတွေချည်း စောင့်နေပါတယ်''
''သန့်ရဲ့လား''
''ကျွန်တော်တို့က CEO Kim ကို
မလိမ်ရဲပါဘူး''Taehyung အပိုတွေ ဆက်ပြောမနေတော့ ။ ထိုအခန်းဆီသို့သာ တည့်တည့်မတ်မတ်ဝင်သွားလိုက်သည်။
တွေ့လိုက်ရသည်က ဖြူဖြူသန့်သန့်နှင့် ချစ်စရာကောင်းသည့် ယောကျ်ားလေး မိန်းကလေး ဆယ်ယောက်နီးပါး။
Taehyung က အရင်ကတည်းက ယောကျ်ား၊ မိန်းမ ရွေးတတ်သူမဟုတ် ။ သူ့အောက်မှာ နေပြီး ကောင်းကောင်းလေး ညီးပေမဲ့ လူတစ်ယောက်ကို ရွေးလိုက်တာပဲ ။
ဒီဟိုတယ်က အလိုက်သိသည် ။ တကယ့်မျိုးကောင်းမျိူးသန့်လေးတွေကို ထည့်ပေးထား၏ ။
ထိုအထဲမှ Taehyung အကြိုက်နှင့် ကွက်တိအကျဆုံး ဖြူဖြူသန့်သန့် ကောင်ကလေးတစ်ယောက်ကို လက်ညိုးထိုးပြလိုက်ပြီး..
''မင်း ထွက်ခဲ့လိုက်''
ကောင်လေးက ကုတ်ကုတ်ကလေးနှင့်သာ Taehyung အနောက်လိုက်လာသည်။
Taehyung ကတော့ စိတ်မရှည်နေ ။ ခဏနေလည်း အိပ်ယာပေါ်မှာ နှီးနှောရတော့မယ့်အတူတူ ထိုကောင်လေးကို Taehyung သူ့အနားသို့ ဆွဲကပ်ပစ်လိုက်သည်။
''ဒီညတည်းခ တစ်ခါတည်း ရှင်းမယ်''
အိတ်ကပ်ထဲက Card ကို ထုတ်သလိုလိုနှင့် ဘေးနားက ခပ်သေးသေးကောင်လေး၏ ဂုတ်ပိုးကို Taehyung ဖိနမ်းပစ်လိုက်သည်။
ကောင်လေးက ချက်ချင်းနားရွက်ဖျားလေးတွေ နီရဲသွား၏။
ဒါပေါ့ ၊ Taehyung ကြိုက်တာ ဒီလိုအဖြူထည်ပုံစံလေးတွေလေ။

STAI LEGGENDO
Hey Rose !
Fanfictionနှင်းဆီ... နှင်းဆီ... ဘယ်သူ့ရဲ့ နှင်းဆီ.. ဒီကောင့်ရဲ့ နှင်းဆီ..🌹 Shadow of you (season 2) KOOKV