Ep-2(Uni/Zg)

14.2K 915 140
                                    

DAY- 1

ဒီနေ့ကသူတို့နှယောက်အတွက် ပထမဆုံးယှဥ်ပြိုင်ရမဲ့နေ့ဖြစ်သည်
မာဂိုရဲ့အိမ်အခြေအနေနဲ့ပတ်၀န်းကျင်က ဘုန်းမြတ်အတွက်မရင်းနှီးသေးတာကြောင့် ဒီရက်ပိုင်းအတွင်း ဒီအိမ်ကြီးမှာပဲနေဖို့ ဘုန်းမြတ်ဆုံးဖြတ်ထားသည် အပြင်ပြန်ရောက်လဲ အကြွေးရှင်တွေပတ်လည်၀ိုင်းနေမှာထက်ဆိုင်ရင် အခုလိုပြီးပြည့်စုံနေတဲ့ စံအိမ်ကြီးမှာ ခဏလောက်မှီခိုနေလိုက်တာ ပိုကောင်းတယ်မှတ်လား

" သူဌေးက မနက်စာစားဖို့ခေါ်ခိုင်းလိုက်လို့ပါ "

Suitအပြည့်၀တ်ဆင်ပီး အရယ်အပြုံးမရှိတဲ့လူကြောင့် ဘုန်းမြတ်နည်းနည်းကြောက်လန့်မိတာတော့အမှန်....ဒီတအိမ်လုံးမှာတင် မာဂိုရဲ့သက်တော်စောင့်များစွာရှိနေတာကြောင့် ထွက်ပြေးဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပင်

" Morning "

အစားအသောက်တွေအဆင်သင့် ခင်ကျင်းထားတဲ့စားပွဲမှ သူ့ကိုစိုက်ကြည့်ကာ လှမ်းနှုတ်ဆက်လိုက်တဲ့မာဂိုကြောင့် ဘုန်းမြတ်ရဲ့မျက်ခုံးတွေက တွန့်ကွေးကာ မာဂိုနဲ့မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်သည်

မနေ့က မာဂိုလက်သီးဖြင့်ထိုးခဲ့တာကြောင့် ဘုန်းမြတ်ရဲ့နှုတ်ခမ်းက သိသိသာသာဖူးယောင်နေသည် အစားစားဖို့တောင် အခက်အခဲဖြစ်နေတဲ့ ဘုန်းမြတ်ကြောင့် မာဂိုက သူ့တပည့်တွေကို မျက်စပစ်ပြလိုက်သည် မာဂိုအချက်ပေးတာနဲ့ လိုအပ်မဲ့ဆေးဘူးတွေကို ချက်ချင်းယူလာပေးကြသည်

" ရပီ မင်းတို့ဒီနားကနေ ထွက်သွားကြ "

" ဟုတ်ကဲ့ "

" ဘုန်းမြတ်သစ္စာ "

" ....... "

" ခင်ဗျား ကျုပ်အနားကိုခဏလာအုံး "

" မလာနိုင်ဘူး "

" ခင်ဗျားကျုပ်အနားကိုလာမလား ဒါမှမဟုတ် ခင်ဗျားရဲ့ခြေထောက်တွေကို ကျုပ်ကိုယ်တိုင်ရိုက်ချိုးပေးရမလား "

မာဂိုရဲ့ခက်ထန်နေတဲ့ပုံစံက တကယ်လုပ်မဲ့အနေအထားဖြစ်နေတာကြောင့် ဘုန်းမြတ်အံကိုကြိတ်ကာ မာဂိုရဲ့အနားကို ချဥ်းကပ်သွားလိုက်သည်

Try To Escape Within 30Days( Completed) Where stories live. Discover now