" စူပါလေးကြောင့် ဒီဘက်ကဧည့်သည်ကိုတော့အားနာစရာတွေဖြစ်ကုန်ပါပြီ ဦးလေးတူကြောင့်စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့နော်ငါ့တူ "
" ရပါတယ်ဗျ ကျတော့်အတွက်စိတ်အနှောင့်အယှက်မဖြစ်ပါဘူး "
" ဒါနဲ့ငါ့တူက ဘုန်းမြတ်ရဲ့သူငယ်ချင်းလား "
ဦးကျော်ရဲ့မေးခွန်းကိုမဖြေခင် မာဂိုကဘုန်းမြတ်ကိုလှမ်းကြည့်သည် အကြည့်တွေနဲ့မေးခွန်းပြန်ထုတ်နေတဲ့မာဂိုကြောင့် ဘုန်းမြတ်ချောင်းတချက်ဟန့်ကာ မာဂိုရဲ့လက်တဖက်ကိုဆုပ်ကိုင်လိုက်သည်
" ဟို...ဦးကျော်အတွက်တမျိုးဖြစ်နေမလားမသိပေမဲ့ မာဂိုကကျတော့်ချစ်သူပါ ဦးကျော် "
သဘောပေါက်သွားတဲ့ဦးကျော်က ခေါင်းကိုအသာညိတ်ရင်းလုပ်လက်စအလုပ်ကိုသာဆက်လုပ်နေသည်
" တမျိုးမဖြစ်ပါဘူးငါ့သားရယ် ဦးလေးလဲငယ်ရာကကြီးလာတာပါ ဒီလိုမျိုးတွေနားလည်ပါတယ် ဒါနဲ့ဒီဘက်ကသားနာမည်ကဘယ်သူ.."
" မာဂိုထိုက်စံပါ "
" အော်အေးအေး ဦးလေးမှတ်ထားပါ့မယ် ရောက်တုန်းရောက်ခိုက်လေး ထမင်းစားပြီးမှပြန်ကြ "
" အတော်ပဲဦးကျော်ရေ ကျတော်ကဦးကျော်ချက်ကျွေးတဲ့ မှိုငါးပိချက်နဲ့ကြက်သားဟင်းကိုအရမ်းလွမ်းနေတာ "
" ဟေဟုတ်လား ဒါဆိုရင်တော့စျေးအမြန်သွားပြီးလိုတာလေးသွား၀ယ်အုံးမှပဲ "
" ဟာ တကယ်ချက်ကျွေးတော့မှာပေါ့ "
" ချက်ကျွေးရမှာပေါ့ကွ ဒါနဲ့ဒီဘက်က မာ....မာဘယ်သူ? "
" မာဂိုထိုက်စံပါဦးလေး မာဂိုလို့ပဲခေါ်ပါ "
" မာဂိုကကော စားတတ်ပါ့မလား ဦးလေးတို့ကတောချက်,ချက်တာဆိုတော့ အရသာမတွေ့မှာစိုးလို့ "
" ဘုန်းမြတ်သစ္စာကြိုက်ရင် ကျတော်လဲအကုန်ကြိုက်တယ်ဗျ "
ဦးကျော်တယောက် ဘာဆက်ပြောရမှန်းမသိအောင် အခက်တွေ့သွားပြီး အိမ်ထဲစျေးခြင်းတောင်းပြေးယူကာထွက်သွားတော့သည် ဘုန်းမြတ်ကတော့ ကွပ်ပျစ်ပေါ်ခြေဆန့်ထိုင်ကာ မာဂိုကိုသူ့ဘေးလာထိုင်ဖို့လက်လှမ်းပြလိုက်သည်
YOU ARE READING
Try To Escape Within 30Days( Completed)