Ep-11(Uni/Zg)

7.7K 552 130
                                    

မာဂိုရဲ့ခေါင်းကိုသူ့လက်မောင်းပေါ်ခေါင်းအုံးစေကာ တညလုံးထွေးပွေ့ထားတာမို့ ဘုန်းမြတ်ရဲ့လက်မောင်းကြွက်သားတွေကအတော်လေးနာကျင်လာသည် အံကိုကြိတ်ကာမျက်လုံးဖွင့်ကြည့်လိုက်တော့ လက်မကိုပါးစပ်ထဲထည့်ကာအိပ်ပျော်နေသူကြောင့် ရယ်ချင်မိပြန်သည် မကောင်းတဲ့အကျင့်ကိုပြင်ပေးမှရမှာမို့မာဂိုရဲ့ပါးစပ်ထဲမှလက်မကိုထုတ်ကာ သူ့အင်္ကျီနဲ့သုတ်ပေးပြီး ခပ်နွေးနွေးပါးပြင်ကိုတချက်နမ်းရှိုက်လိုက်သည်
တဆစ်ဆစ်နာကျင်လာတဲ့လက်မောင်းကြောင့် မာဂိုရဲ့ခေါင်းကိုအသာမကာသူ့လက်ကိုဆွဲထုတ်လိုက်ပေမဲ့ အင်တင်တင်အသံဖြင့်မာဂိုကနိုးစပြုလာသည်

" နိုးလာပြီလား "

" အင်း "

" ဘယ်လိုနေသေးလဲ ခေါင်းကိုက်တာတွေရှိသေးလား "

" မရှိဘူး "

" ကိုယ်ပူတော့ကျသွားပြီ မင်းကအဖျားပျောက်တာမြန်သားပဲ "

" ကျုပ်ကခင်ဗျားလိုပျော့ဖက်နေတဲ့ကောင်မဟုတ်ဘူး "

သူ့ရင်ဘတ်ကိုတွန်းကာဆူပုတ်ပုတ်ထသွားပေမဲ့ ချက်ချင်းမျက်နှာပျက်သွားတဲ့မာဂိုကြောင့် ဘုန်းမြတ်အမြန်ကုန်းထလိုက်သည်

" ဘာဖြစ်လို့လဲအစံ "

" စောက်ရေးမပါတာကွာ အောက်ပိုင်းတခုလုံးကိုက်ခဲနေတာပဲ "

" ကိုယ်တောင်းပန်ပါတယ် မင်းကဖျားနေတာဆိုတော့ပိုခံစားရမယ်ထင်တယ် မျက်နှာသစ်ဖို့ကိုယ်ပွေ့ချီသွားမယ် "

" ဟား...ဘုန်းမြတ်သစ္စာတို့ကရယ်စရာတော့ပြောတတ်သားပဲ ကျုပ်ကတောင်ပြန်ပြီးခင်ဗျားကိုအသာလေးပွေ့ချီသွားလိို့ရတယ်နားလည်လား "

" မင်းသန်မာတာကိုယ်သိပါတယ် ဒါပေမဲ့..."

" မလိုဘူး ဖယ်! "

အိပ်ယာနိုးထဲကသူ့ကိုကောင်းကောင်းမွန်မွန်မဆက်ဆံတဲ့မာဂိုကြောင့် ဘုန်းမြတ်အနည်းငယ်အံ့သြမိသည် အရင်နေ့တွေကသူထွက်သွားမှာစိုးလို့ အနားမှာတွယ်ကပ်ကာဂျီကျနေသူက အခုတော့သူကိုယ်တိုင်ပဲမောင်းထုတ်နေပြန်သည်

Try To Escape Within 30Days( Completed) Where stories live. Discover now