ရေချိုးခန်းထဲမှပျံ့လွင့်လာတဲ့သီချင်းဆိုသံက သူ့ရဲ့အိမ်မက်တွေထိ၀င်ရောက်ကျူးကျော်လာသည် မျက်လုံးကိုအသာအယာဖွင့်ကာခိုးကြည့်လိုက်တော့ ရေချိုးပြီးကာစဘုန်းမြတ်ရဲ့ကျောပြင်ဖွေးဖွေးလေးကိုလှမ်းမြင်လိုက်ရသည် မနက်ခင်းအနမ်းများလာပေးမလားဆိုတဲ့မျှော်လင့်ချက်နဲ့အိပ်ချင်ယောင်ဆောင်နေသော်လဲ အနားကိုရောက်မလာတဲ့ဘုန်းမြတ်ကြောင့် စိတ်အလိုမကျဖြစ်သွားရပြန်သည်
" ဘုန်းမြတ်သစ္စာ "
အိပ်ယာပေါ်မှခပ်တိုးတိုးလှမ်းခေါ်လိုက်တော့ အင်္ကျီ၀တ်လက်စအနေအထားဖြင့်သူ့ထံသို့ဦးတည်လာသည်
" နိုးလာပြီလား အစံ "
နဖူးကိုငုံ့ကာအနမ်းပေးလိုက်တော့ မျက်နှာလေးဆူကာသူ့ခါးကိုဆွဲဖက်ထားသည် မနက်နိုးတိုင်းဂျီကျချင်တဲ့မာဂိုကြောင့် အလုပ်သွားရမှာတောင်စိတ်တွေကလေးလံလာရတော့သည်
" ဘာလို့အင်္ကျီအသစ်တွေ၀တ်နေရတာလဲ"
" ကိုယ်ဒီနေ့ကစပြီး အလုပ်ပြန်လုပ်တော့မလို့ "
" ဟမ် ကျုပ်လဲဘာမှမသိရပါလား "
" မနေ့ညကပြောမလို့ပါပဲ ဒါပေမဲ့မင်းကအစောကြီးအိပ်ပျော်သွားတယ်လေ "
" ဘာအလုပ်လဲ "
" ပြင်သစ်စက်ရုံတခုမှာပါ Exportအိတ်တွေချုပ်တဲ့စက်ရုံမှာလေ စက်ရုံအတွင်းလိုအပ်တာတွေကြီးကြပ်ပေးဖို့တာ၀န်ယူထားတယ် အရင်တုန်းကတော့ဖြစ်သလိုပဲBarတခုမှာအလုပ်လုပ်ခဲ့ပေမဲ့အခုချိန်မှာတော့ဖြစ်သလိုနေလို့မရတော့ဘူးလေ ကိုယ့်မှာမင်းရှိနေပြီမှတ်လား "
" အဟား...ဘုန်းမြတ်သစ္စာတို့ကရယ်စရာတော့ပြောတတ်သားပဲ ခင်ဗျားအလုပ်မလုပ်လဲကျုပ်ကရှာကျွေးနိုင်တယ် "
" မင်းရှာကျွေးနိုင်တာသိတယ် ဒါပေမဲ့ကိုယ်ကလဲသန်မာတဲ့ယောကျ်ားတယောက်ပဲအစံ ကိုယ့်ခွန်ကိုယ့်အားနဲ့ရှာဖွေနိုင်တယ် "
" နေစမ်းပါအုံး ခင်ဗျားအလုပ်၀င်တာကလွယ်လှချည်လား "
" ဟုတ်တယ် စက်ရုံပိုင်ရှင်ကလဲကိုယ့်ကိုယုံကြည်လို့ခန့်လိုက်တာ "
YOU ARE READING
Try To Escape Within 30Days( Completed)