Ep-16(Uni/Zg)

7.5K 485 54
                                    

အိပ်မောကျနေကာမှ မျက်နှာတလျှောက်အဆက်မပြတ်ငုံ့နမ်းလာတဲ့အထိအတွေ့ကြောင့် ဘုန်းမြတ်မျက်နှာလေးရှုံ့ကာနိုးစပြုလာသည် မျက်လုံးဖွင့်ကြည့်လိုက်တော့ မာဂိုရဲ့အပြုံးတွေကသူ့ကိုစတင်ကြိုဆိုလာသည်

" နိုးလာပြီလား "

" မင်းကြောင့်မနိုးပဲနေမလား "

" ချစ်လား "

ထင်တဲ့အတိုင်းမနက်ခင်းစကား၀ိုင်းကိုမေးခွန်းနှင့်အစပြုလာတဲ့မာဂိုကြောင့် ဘုန်းမြတ်သဘောကျစွာပြုံးရယ်လိုက်သည် ချစ်တယ်လို့ပြောလိုက်တိုင်းကြိမ်ဖန်များစွာပြန်မေးတတ်တဲ့ ထိုကောင်လေးကတခါတလေမှာလဲ သူ့အပေါ်ဆိုးချင်တယ်ထင်ပါရဲ့

" ချစ်တယ် "

" ထပ်ပြောအုံး "

" မင်းကိုချစ်တယ် "

" သိပ်မကြားရဘူး "

" မင်းကိုချစ်တယ် "

" နာမည်ထည့်ပြော "

" မာဂိုကိုချစ်တယ် "

" အပြည့်အစုံပြော "

" မာဂိုထိုက်စံကိုချစ်တယ် "

သဘောကျလွန်သွားသူက ခေါင်းငုံ့ကာပြုံးလိုက်ပြီးဘုန်းမြတ်ရဲ့ခါးကိုလှမ်းဆွဲလိုက်သည် မနက်မိုးလင်းတာနဲ့ဘုန်းမြတ်ရဲ့မျက်နှာပေါ်မှ အစိတ်အပိုင်းတခုချင်းစီတိုင်းကို သူ့လက်ချောင်းတွေဖြင့်ထိတွေ့ကာအားဖြည့်ရပုံက မာဂိုရဲ့ထပ်တိုးအကျင့်တခုပင်

" အချစ်ရဲ့ရှေ့ဆံပင်တွေကရှည်လာပြီ ကျတော်အမြဲငေးကြည့်နေရတဲ့မျက်၀န်းတွေကိုတောင် ကာဆီးလာသလိုပဲ "

" လူကိုဘာများထင်နေလဲ အချစ် အချစ်နဲ့ "

" ဒီမှာဟိတ်လူ မာဂိုနှုတ်မှထွက်လာတဲ့စကားတခုချင်းစီတိုင်းက အဓိပ္ပါယ်ပြည့်စုံပြီးသားချည်းပဲနော် ခင်ဗျားကိုအချစ်လို့ခေါ်ရတဲ့အကြောင်းပြချက်လဲရှိတယ် "

" ဟုတ်လား ဒါဆိုကိုယ့်ကိုဘာလို့အချစ်လို့ခေါ်တာလဲ "

" တလုံးချင်းစီပြောကြည့် အဓိပ္ပါယ်ပြောပြမယ် "

" အ "

" အမြတ်တနိုးနဲ့ "

" ချစ် "

Try To Escape Within 30Days( Completed) Where stories live. Discover now