" Hello "
" ကျွန်တော်ပါ အကို"
" ဘယ်သူလဲ "
" အကိုနဲ့နာမည်တလုံးတူတဲ့ကောင်လေး "
စိတ်ရှုပ်စရာအသံကြောင့် လက်ထဲမှအအေးခွက်ကိုပင်ဆက်မသောက်ပဲစားပွဲပေါ်ဆောင့်ချလိုက်သည် ဘယ်အချိန်ထိနှောင့်ယှက်နေအုံးမလဲဆိုတာမခန့်မှန်းတတ်ပေမဲ့ ထိုအရာတွေကဘုန်းမြတ်နဲ့သူနဲ့ဆက်ဆံရေးကြား အဆိပ်အတောက်ဖြစ်လာမှာကိုတွေးပူမိသည်
" ကျွန်တော်အကိုနဲ့စကားခဏလောက်ပြောလို့ရမလား "
" မင်းနဲ့ငါ့ကြားမှာပြောစရာ ဘယ်လိုအကြောင်းအရာမျိုးမှမရှိဘူး၀နမင်းထိုက် "
" တခြားအကြောင်းအရာမဟုတ်ပါဘူး ကျွန်တော်ပို့ပေးလိုက်တဲ့ပန်းစည်းနဲ့စားစရာတွေကို အကိုသဘောကျရဲ့လားဆိုတာသိချင်ရုံပါ "
မာဂိုခဏတာတွေ၀ေသွားပေမဲ့ ခေါင်းထဲအရင်ပြေးမြင်မိသူကMaxတယောက်ထဲသာရှိသည် အရင်နေ့ထဲကသတိထားမိနေပေမဲ့ ယခုကြားလိုက်ရတဲ့စကားကြောင့် Maxအပေါ်ပို၍မယုံသင်္ကာဖြစ်လာရတော့သည်
" အဲ့ပစ္စည်းတွေကမင်းပို့ပေးလိုက်တာလား "
" ဟုတ်တယ်လေ "
" အေး စောစောစီးစီးသိသွားတော့လဲကောင်းတာပေါ့ မင်းကိုတခါထဲအပြတ်ပြောထားလိုက်မယ် နောက်တခါငါ့ကိုဘာစားစရာမှပို့ပေးစရာမလိုဘူး မင်းပို့ပေးတဲ့စားစရာတွေကလဲငါ့တသက်တခါမှမစားခဲ့ဖူးတဲ့အရာတွေချည်းပဲ ငါမကြိုက်တဲ့အစားအစာတွေကိုမှရွေးပိို့လိုက်တာဆိုတော့ မင်းနဲ့ငါ့ကြားမှာရန်စတွေများရှိခဲ့ဖူးလို့လား ဟမ် "
" အဲ့တာတွေက အကိုအကြိုက်ဆုံးအရာတွေမဟုတ်ဘူးလား "
" မဟုတ်ဘူး '
' ဒါဆိုရင်တော့ကျွန်တော်တောင်းပန်ပါတယ် အဲ့ဒီအစားအကိုဘာကြိုက်တတ်လဲဆိုတာသိခွင့်ရှိမလား '
" မင်းဘယ်လိုပဲကြိုးစားကြိုးစား ငါမင်းဘက်ကိုစိတ်လည်လာမယ်မထင်နဲ့၀နမင်းထိုက် ငါ့ဘ၀မှာဘုန်းမြတ်သစ္စာကအချစ်ဦးနဲ့အချစ်ဆုံးပဲ အဲ့တော့မင်းစောစောစီးစီးနောက်ဆုတ်လိုက်တာကောင်းမယ် "
YOU ARE READING
Try To Escape Within 30Days( Completed)