Ep-25(Uni/Zg)

6.1K 410 100
                                    

အရင်နေ့တွေကအတူအိပ်နေကျဆိုပေမဲ့ ယခုချိန်မှာတော့မာဂိုဆေးရုံတက်နေရတာကြောင့် ဘုန်းမြတ်ကဆိုဖာပေါ်အိပ်ဖို့ကြံရွယ်လိုက်သည်

" ခင်ဗျားလက်ကသက်သာရဲ့လား "

" သက်သာပါတယ် နောက်နှရက်လောက်ဆိုပတ်တီးဖြည်တော့မှာ "

" ခင်ဗျားကလက်ကျိုးနေတာဆိုတော့အဲ့ဆိုဖာပေါ်မှာအိပ်လို့အဆင်မပြေဘူး ဒီကုတင်ပေါ်မှာလာအိပ် "

" ဘယ်လိုလုပ်ဖြစ်မှာလဲ မင်းကလူနာလေ "

" အဟား...ဘုန်းမြတ်သစ္စာတို့ကရယ်စရာပြောတတ်သားပဲ အခုချိန်မှာအဲ့လူနာကခင်ဗျားကိုတောင်ပွေ့ချီလို့ရတယ် မယုံရင်ချီပြရမလား "

မေးငေါ့ကာစိန်ခေါ်လာသူကြောင့် ဘုန်းမြတ်ခပ်ဟဟရယ်ရင်း မာဂိုရဲ့လက်နှဖက်ကိုဆုပ်ကိုင်လိုက်သည်

" ဘယ်လောက်ပဲပညာတတ်တဲ့သူဖြစ်ဖြစ် သူ့တယောက်တည်းရဲ့အမြင်ဟာ ဘယ်တော့မှမပြည့်စုံနိုင်ဘူးတဲ့ အဲ့တော့သူတပါးရဲ့အမြင်ကိုလဲထည့်တွေးတတ်ရမယ် ဒါဟာလူ့ကျင့်၀တ်ပဲမာဂို "

" အဲ့တော့? "

" အဲ့တော့ ကိုယ့်အတွက်တွေးမပူပဲမင်းသာအိပ်ရေး၀အောင်အိပ် ဒီကုတင်နဲ့ကိုယ်နဲ့ကအဆင်မပြေဘူး "

" ကျုပ်မှမအိပ်ချင်သေးတာ "

" ဒါဆိုအိပ်ပျော်အောင်ကိုယ်ဘာလုပ်ပေးရမလဲ "

" ကျုပ်ဘေးနားမှာနေပြီးစကားတွေပြောပေးပါလား "

" အခုလဲပြောပေးနေတာပဲလေ မင်းရဲ့လက်ကိုဟောဒီလိုဆုပ်ကိုင်ရင်း "

စကားအဆုံးမှာပဲမာဂိုရဲ့လက်တွေကိုတင်းကျပ်စွာဆုပ်ကိုင်လာပြီး ခပ်ဖွဖွနမ်းရှိုက်လာသည် မြင်နေကျပါးပြင်ဖြူဖြူလေးက အိပ်ရေးပျက်တာများလို့ထင်ပါရဲ့ ၀က်ခြံအချို့ကခွင့်မတောင်းပဲသူ့ပါးပြင်ပေါ်ကျူးကျော်လာတယ် ဒီလိုပုံစံမျိုးနဲ့ဒီကောင်ကဘယ်လိုများ ကြည့်ရက်ပါ့မလဲ

" ဒီရက်ပိုင်းအတွင်းကျုပ်ကြောင့် ခင်ဗျားအများကြီးစိတ်ညစ်ခဲ့ရတယ်ထင်တယ် ခင်ဗျားပါးပြင်ပေါ်က၀က်ခြံတွေကသက်သေပဲ "

Try To Escape Within 30Days( Completed) Where stories live. Discover now