Ep-10(Uni/Zg)

9K 579 189
                                    

" ဘုန်းမြတ်ကအသက်ဘယ်နှနှစ်လဲ "

ပါးစပ်ထဲထမင်းထည့်ရင်းစတင်စပ်စုလာတဲ့မမကြောင့် မာဂိုလက်ထဲမှဇွန်းနဲ့ခရင်းကိုချကာ ဘုန်းမြတ်ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်သည်

" ကျတော်က 25နှစ်ပါမမ "

" အော်ဒါဆိုအသဲလေးထက် 3နှစ်ကြီးတာပေါ့ မမကမင်းကိုမာဂိုထက်အသက်ငယ်တယ်ပဲထင်နေတာ မာဂိုထက်မင်းကပိုနုနေလိို့လေ "

" နင်မသိရင်အသာနေစမ်းပါမမရာ သူကနေ့တိုင်းဘာcreamမှန်းမသိ မျက်နှာကိုနေတိုင်းလိမ်းနေတာဆိုတော့နုမှာပေါ့ ကျတော်ကသဘာ၀အတိုင်းလှတာ...သူကအလှကုန်ပစ္စည်းတွေကြောင့်နုနေတာ "

" နင်ကလဲသူများသားသမီးကိုပြောရက်လိုက်တာဟယ် ပြီးရင်နင်ပဲဘုန်းမြတ်ကိုအထိမခံဖြစ်နေတာမှတ်လား "

" ထင်လို့ပါ ကျတော်ကသိပ်ဂရုမစိုက်တတ်ဘူး "

ဘယ်တော့အလျှော့မပေးတတ်တဲ့မာဂိုကြောင့် ဘုန်းမြတ်နှုတ်ဆိတ်ကာ သူ့ရှေ့မှဟင်းရည်ကိုခပ်သောက်လိုက်သည်

" အဟွတ်!! အဟွတ် "

မျက်ရည်တွေ၀ဲတက်ကာ လည်ပင်းနင်သွားတဲ့ဘုန်းမြတ်ကြောင့် မာဂိုချက်ချင်းထကာဘုန်းမြတ်ရဲ့အနားအမြန်သွားလိုက်သည်

" ဘာဖြစ်လို့လဲ ဟင်းရည်အပူကြီးသွားသောက်မိလို့လား "

" အင်း "

" ခင်ဗျားကလေအသုံးကိုမကျဘူး ဒီလောက်ပူနေတာမှုတ်သောက်မှပေါ့!! "

" ........ "

" ကျစ်!!ဘာကိုမှစိတ်မချရဘူး အဲ့ဟင်းရည်ကျုပ်မှုတ်ပေးမယ် "

ဟင်းရည်ပန်းကန်ကိုဆွဲယူကာ ဇွန်းနဲ့ခပ်လိုက်ပြီးအသေအချာအအေးခံပြီးနှုတ်ခမ်းထော်ကာမှုတ်ပေးနေတဲ့မာဂိုကြောင့် မမတယောက်ဆွံ့အစွာငေးကြည့်နေမိသည်

" ရော့ ဖြည်းဖြည်းသောက် ထမင်းကောခွံ့ကျွေးရအုံးမလား "

" အစံ...ဟိုမှာမင်းအမကြည့်နေပြီ "

သူ့ကိုခပ်တိုးတိုးပြောကာအချက်ပြနေတဲ့ဘုန်းမြတ်ကြောင့် မာဂိုအသိပြန်ကပ်ကာရှက်ကိုးရှက်ကန်းဖြင့်ဘုန်းမြတ်အနားမှထထွက်သွားသည် သူကိုယ်တိုင်ဘာတွေလုပ်နေမှန်းလဲသတိမထားမိတော့ပေ

Try To Escape Within 30Days( Completed) Donde viven las historias. Descúbrelo ahora