မနက်စာစားရမဲ့အချိန်ကျော်လွန်နေပြီဖြစ်သော်လဲ ရေချိုးခန်းထဲမှပြန်ထွက်မလာသေးတဲ့ ဘုန်းမြတ်ကြောင့်မာဂိုအတော်လေးသည်းခံနေရသည်
" ဘုန်းမြတ်သစ္စာ!! ခင်ဗျားအဲ့ရေချိုးခန်းထဲမှာများသေနေပြီလား ဟမ်! "
" ဘာလို့လဲ ငါ့ကိုစိတ်ပူလို့လား "
ခေါင်းကိုရေသုတ်ကာထွက်လာတဲ့ဘုန်းမြတ်ရဲ့ပုံစံကိုမာဂိုသေချာအကဲခတ်ရင်း ခြေချိတ်ကာထိုင်လိုက်သည်
" ဘာလို့တခါထဲအင်္ကျီလဲလာတာလဲ ကျုပ်ရှေ့မှာအင်္ကျီလဲရမှာရှက်လို့လား "
" ဘာလို့ငါ့ကိစ္စတွေကိုလိုက်စိတ်၀င်စားနေတာလဲ "
" အမြင်ကပ်လို့လေ "
" မင်းကကောအိမ်မှာနေတာကို ဘာလို့အဲ့၀တ်စုံကြီး၀တ်ထားရတာလဲ ဒီအတိုင်းပေါ့ပေါ့ပါးပါး shirtလေး၀တ်ထားတာမှကြည့်ကောင်းအုံးမယ် "
" ခင်ဗျားကကော ဘာလို့ကျုပ်ကိစ္စတွေလိုက်စိတ်၀င်စားနေရတာလဲ "
" မုန်းလို့လေ "'
" ခင်ဗျားပြီးရင်လဲဒီမှာလာထိုင် အဲ့နှုတ်ခမ်းနားကဒဏ်ရာကိုဆေးထည့်ပေးမယ် "
သူ့ဆံပင်တွေကိုလက်နဲ့ထိုးဖွကာ ရေခါထုတ်ရင်းမာဂိုရဲ့ဘေးမှာ၀င်ထိုင်လိုက်သည် ထုံးစံအတိုင်းဘုန်းမြတ်ကတော့ မာဂိုနဲ့မျက်နှာချင်းမဆိုင်ပဲအကြည့်လွှဲထားသည်
" Boss ကျတော်တို့..."
" အာ့!! "
အခန်းတံခါးဖွင့်ကာ၀င်ရောက်လာတဲ့သက်တော်စောင့်တွေကြောင့် မာဂိုတယောက်ဘုန်းမြတ်ကိုဆိုဖာပေါ်မှကန်ထုတ်လိုက်သည်
YOU ARE READING
Try To Escape Within 30Days( Completed)