Ep-21(Uni/Zg)

5.8K 407 122
                                    

Ring Ring 🎶

ပိုင်ရှင်အနားမရှိတုန်း၀င်ရောက်လာတဲ့ဖုန်းသံက ဘုန်းမြတ်ရဲ့စူးစမ်းလိုစိတ်ကိုပို၍နှိုးဆွလာသည် ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ contact listထဲမရှိတဲ့နံပါတ်စိမ်းဖြစ်နေသည်

" ဖုန်းလာနေတယ်အစံ "

" ဘယ်သူလဲ "

" မသိဘူး ဖုန်းနံပါတ်အသစ်ပဲ "

" အဲ့တာဆိုဒီအတိုင်းပဲထားလိုက် ကျုပ်ရေချိုးပြီးမှပြန်ခေါ်လိုက်မယ် "

မာဂိုကသိပ်အရေးမစိုက်ပေမဲ့ ဘုန်းမြတ်ကတော့ဘယ်သူဘယ်၀ါမှန်းတိတိကျကျသိချင်နေတာဖြစ်သည် အထူးသဖြင့်သူ့ဆီရောက်လာတဲ့ပါဆယ်ဘူးကြောင့် စိတ်ခြောက်ခြားမှုတွေကယခုတိုင်ပြေးလွှားနေဆဲပင်။ ဘာပဲဖြစ်ဖြစ်အခွင့်အရေးရှိတုန်း ထိုဖုန်းကိုကောက်ကိုင်ကာ တဖက်မှတုံ့ပြန်လာမဲ့အသံကိုနားဆွင့်နေလိုက်သည်

" Hello အကို "

" ...... "

" ကျတော့်ကိုမှတ်မိတယ်မှတ်လား အတိအကျပြန်မိတ်ဆက်ပေးရရင် အကိုနဲ့နာမည်တလုံးတူတဲ့ကောင်လေး "

အရမ်းကိုအရော၀င်နေတဲ့အနေအထားမှာရှိတာကြောင့် ဘုန်းမြတ်အတော်လေးစိတ်ထိန်းထားရသည်။ ရင်းနှီးတဲ့လူဆိုရင် contact nameလေးတော့မှတ်ထားသင့်တယ်မှတ်လား။ ဘာလဲ မာဂိုကသူမရှိတုန်းတခြားကောင်တွေနဲ့ဇယားရှုပ်နေတာလား

" မင်းကဘယ်ကကောင်လဲ မာဂိုနဲ့ဘယ်လိုပတ်သတ်တာလဲ "

ခပ်တင်းတင်းထွက်လာတဲ့အသံကြောင့် တဖက်မှနားထောင်နေတဲ့လူမှာမာဂိုထိုက်စံမဟုတ်မှန်း ၀နသဘောပေါက်သွားသည် မာဂိုရဲ့ဖုန်းကိုကိုင်ရဲတာဘုန်းမြတ်တယောက်ပဲရှိတာမို့ ၀နခပ်ရွဲ့ရွဲ့ပြုံးကာ ဘုန်းမြတ်ကိုရန်ဆွဖို့ကြံရွယ်လိုက်သည်

" အခုမပတ်သတ်သေးပေမဲ့ နောက်ပိုင်းပတ်သတ်မဲ့အနေအထားမှာရှိတယ် "

" မင်းဘယ်ကကောင်မှန်းမသိပေမဲ့ ငါကမာဂိုရဲ့ချစ်သူပဲ အဲ့တော့အခုထဲကနောက်ဆုတ်လိုက်တာကောင်းမယ် "

" ဆောရီးနော် ကျုပ်ကခင်ဗျားနဲ့ဖုန်းပြောချင်တာမဟုတ်ဘူး
အကိုနဲ့ပဲဖုန်းပြောချင်တာ "

Try To Escape Within 30Days( Completed) Where stories live. Discover now